အိုင်အက်စ်ထက် ရုရှက ကမ္ဘာ့လုံခြံုရေးကို ပိုမိုခြိမ်းခြောက်နေဟု အမေရိကန် ပြော

အိုင်အက်စ်ထက် ရုရှက ကမ္ဘာ့လုံခြံုရေးကို ပိုမိုခြိမ်းခြောက်နေဟု အမေရိကန် ပြော

မေ ၃၁ ။                ။ အမေရိကန်အတွက် အကြီးဆုံး ပြည်ပရန်ဟာ အိုင်အက်စ်အကြမ်းဖက်သမားတွေမဟုတ်ဘဲ ရုရှ ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၂၉ ရက် အင်တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

" ကျွန်တော်ထင်ပါတယ်၊ အိုင်အက်စ်အဖွဲ့ဆိုတာက ဆိုးရွားကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ လုပ်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံသဘောတရားကို ဖျက်ဆီးဖို့ ကြိုးစားနေသူက ရုရှ ပါပဲ၊ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ သူတို့ ကြိုးပမ်းခဲ့ပါတယ်" လို့ မက်ကိန်းက ဆိုပါတယ်။

ဒါ့အပြင် ပြင်သစ်သမ္မတရွေးကောက်ပွဲမှာလည်း ဆိုက်ဘာတိုက်ခိုက်ဖို့ ရုရှတို့ လုပ်ခဲ့သေးတယ်လို့ မက်ကိန်းက စွဲစွပ်သွားပါသေးတယ်။

လက်ရှိကာလမှာ အမေရိကန်အပါအဝင် ကမ္ဘာ့လုံခြုံရေးအပေါ် အကြီးမားဆုံး ခြိမ်းခြောက်နေတာက အိုင်အက်စ်မဟုတ်ဘဲ ရုရှ သမ္မတ ဗလာဒီမာ ပူတင်ဖြစ်တယ်လို့ ဂျွန်မက်ကိန်းက ၎င်းရဲ့ သြစတြေးလျ ခရီးစဉ်မှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly