ရေပိုင်နက်အငြင်းပွားမှုအတွက် အရေးပေါ်ဖုန်းလိုင်းထူထောင်ရန် အာဆီယံနှင့် တရုတ်တို့ဆွေးနွေး

ရေပိုင်နက်အငြင်းပွားမှုအတွက် အရေးပေါ်ဖုန်းလိုင်းထူထောင်ရန် အာဆီယံနှင့် တရုတ်တို့ဆွေးနွေး

ဖိလစ်ပိုင်အာဏာပိုင်တစ်ဦး၏ သြဂုတ်လ ၂၇က်နေ့က ပြောကြားချက်အရ တောင်တရုတ်ပင်လယ်ပေါ် ပိုင်နက်အငြင်းပွားမှုနှင့် စပ်လျဉ်း၍ အရေးပေါ်ဖုန်းလိုင်းတစ်ခု ထူထောင်ရန် အာဆီယံနှင့် တရုတ်တို့ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပြုထားသည့် ဖုန်းလိုင်းထူထောင်ရေးကို လွန်ခဲ့သည့် ရက်သတ္တပတ်က တိန်အန်ကျင်းတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နှင့် တရုတ်နိုင်ငံမှ အကြီးတန်းသံတမန်များအကြား အစည်းအဝေးတစ်ခုတွင် ဆွေးနွေးခဲ့ကြသည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချား ဂျို့စ်က ပြောကြားခဲ့သည်။

‘မူအရသဘောတူခဲ့ပေမယ့်လည်း အသေးစိတ်ဆွေးနွေးဖို့ လိုပါသေးတယ်’’ဟု ဂျို့စ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အရေးပေါ်ဖုန်းလိုင်းကို လာမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲအထိ ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်းလည်း ဂျို့စ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့်အတူ အာဆီယံအဖွဲ့ဝက်ဘက်များဖြစ်ကြသည့် ဘရူနိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ကလည်း တရုတ်၊ ထိုင်ဝမ်တို့နှင့်အပြိုင် တောင်တရုတ်ပင်လယ်ရေပြင်ကို အသီးသီးပိုင်ဆိုင်ကြကြောင်း အပြိုင်အဆိုင် ပြောဆိုနေကြသည်။   

အရေးကြီးသည့် ပင်လယ်လမ်းကြောင်းနှင့် ငါးဖမ်းရာနေရာဖြစ်သည့်အပြင် ဓာတ်သတ္တုသယံဇာတလည်း ကြွယ်ဝသည်ဟု ယူဆရသည့် ရေပြင်ကို တရုတ်က အနိုင်ကျင့်ဗိုလ်ကျ အပိုင်စီးနေသည်ဟု ဖိလစ်ပိုင်က ရှေ့တန်းမှ ရပ်ခံစွပ်စွဲနေသာကြောင့် မကြာသေးမီနှစ်များအတွင် အငြင်းပွားမှုမှာ တိုးတိုးပြီး တင်းမာလာနေခဲ့သည်။

မကြာသေးမီလများကမူ ကျောက်ဆောင်များကို ကျွန်းတုများအဖြစ်ပြောင်းလဲပစ်နေသည့် တရုတ်၏ မြေယာဖော်မှုမျာ စစ်စခန်းများတည်ဆောက်ရန်ဖြစ်နိုင်သည်ဟု ဖိလစ်ပိုင်က တပ်လှန့်ခဲ့သည်။  

အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်နေသည့် အာဆီယံကမူ အပြိုင်ပိုင်ဆိုင်သူများအနေဖြင့် ဒေသတွင်းပဋိပက္ခကို မီးထိုးပေးမည့်လုပ်ရပ်များ မလုပ်ဆောာင်နိုင်အောင် တုပ်နှောင်ထားမည့် ကျင့်ထုံး ကိုယ်ဒ ဥပဒေတစ်ရပ်ကို တရုတ်နှင့် သဘောတူထူထောင်ရန် တွန်းအားပေးနေသည်။

ညီညွတ်ရေးတိုက်တွန်းနေကြသော်လည်း အာဆီယံအဖွဲ့ဝင်များမှာ ကိုယ့်အရေးနှင့်ကိုယ် အသီးသီးရှိကြရာ အဖွဲ့ဝင်အတော်များများနှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိသော တရုတ်နှင့်ပတ်သက်၍ ဘုံရပ်တည်ချက်ရရှိရေးတွင် အခက်တွေ့နေကြသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly