ဆီးရီးယားတွင် မည်သည့်ဓာတုလက်နက် အသုံးပြုခြင်းကိုမဆို ချက်ချင်းတုံ့့ပြန်သွားမည်ဟု ပူတင်အား မက်ခရွန်ပြော

ဆီးရီးယားတွင် မည်သည့်ဓာတုလက်နက် အသုံးပြုခြင်းကိုမဆို ချက်ချင်းတုံ့့ပြန်သွားမည်ဟု ပူတင်အား မက်ခရွန်ပြော

ပါရီ၊ မေ ၃၀ ။                 ။ ပြင်သစ်က ရွေးကောက်ခံသမ္မတသစ် မက်ခရွန်က ပထမဆုံးပြည်ပဧည့်သည်အဖြစ် ရောက်ရှိသော ရုရှသမ္မတပူတင်အား ဗာဆေးနန်းတော်တွင် ကြိုဆိုဧည့်ခံခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့က ဖော်ရွေစွာ တွေ့ဆုံနှုတ်ဆက်ကြပြီးနောက် အလွန်အမင်းကွဲပြားမှုရှိနေသော နိုင်ငံခြားရေးပေါ်လစီတွင် ဘုံတူညီမှုတစ်ရပ် ရရှိရေး ဆွေးနွေးခဲ့သည်။ ယင်းနောက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပသည်။

ပြင်သစ်သမ္မတက ဆီးရီးယားပဋိပက္ခတွင် “ဘယ်လိုဓာတုလက်နက်အသုံးပြုမှုကိုမဆို ချက်ချင်းတုံ့ပြန်သွားမယ်။”ဟု ၎င်းနှင့်အဆင့်တူ ရုရှသမ္မတအား ပြောလိုက်သည်။

ထိုပြင် ဆီးရီးယားက အစွန်းရောက်ဝါဒတိုက်ဖျက်ရေးတွင် ရုရှနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်းလည်း မက်ခရွန်က ဆိုသည်။

ရုရှသမ္မတ ပူတင်ကို မက်ခရွန်က နိုင်ငံအကြီးအကဲများ လာရောက်လျှင် တွေ့ဆုံလေ့ရှိသော Elysee နန်းတော်တွင် မတွေ့ဆုံပဲ ဗာဆေးနန်းတော်၌ တွေ့ဆုံရန် ဆုံးဖြတ်ခြင်းသည် ၁၇၁၇ ခုနှစ်က ရုရှခေါင်းဆောင် Tsar Peter the Great လာရောက်လည်ပတ်ပြီး ပြင်သစ်-ရုရှဆက်ဆံရေး နှစ် ၃၀၀ ပြည့်မြောက်ချိန်နှင့် တစ်ချိန်တည်းမှာလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံ၏ ဆက်ဆံရေးက အေးစက်နေခဲ့ခြင်းဖြစ်သည်။

ပြင်သစ်သမ္မတသစ် မက်ခရွန်က ၎င်းအနေဖြင့် ရုရှနှင့် ဆက်ဆံရေးကောင်းမွန်အောင် တိုးတက်တည်ဆောက်သွားလိုကြောင်းလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags