မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် တရုတ်နိုင်ငံကို မခန့်လေးစားလုပ်ခြင်းဟု ထရမ့်ပြောကြား

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် တရုတ်နိုင်ငံကို မခန့်လေးစားလုပ်ခြင်းဟု ထရမ့်ပြောကြား

ဝါရှင်တန် မေ ၃၀ ။                 ။ ပြီးခဲ့သော တနင်္လာနေ့မနက်က ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် တရုတ်နိုင်ငံ အပေါ် မခန့်လေးစားလုပ်သော လုပ်ရပ်ဖြစ်သည်ဟု သူထင်မြင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုဝေဖန်ခဲ့သည်။

“ မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ်တာဝေးပစ် ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး သူတို့ရဲ့အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် လုံးဝကို မခန့်လေးစားလုပ်တာပါပဲ” ဟု ထရမ့်က သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့ သည်။

“ဒါပေမယ့် တရုတ်နိုင်ငံက အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပြီး မကြာသေးခင် ရက်ပိုင်းများအတွင်းက ပြုံယမ်း၏ ဒုံးကျည်စမ်းသပ်မှုများ မြင့်တက်လာသည့်အပေါ်   ဘေဂျင်းမှ စိတ်ရှည်သည်းခံ နေခြင်းကို ရည်ရွယ်၍ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့သည် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေသည့်ကြားမှ ပြီးခဲ့သော တနင်္လာနေ့ မနက်တွင် နောက်ထပ်ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယားတို့သည် အနည်းဆုံး တာဝေးပစ်ဒုံးကျည်တစ်ခုကို ပစ်လွှတ်ခဲ့ကြောင်းနှင့် ဒုံးကျည်ထိပ်ဖူးအရေအတွက်ကို အသေးစိတ်ခွဲခြမ်း လေ့လာနေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့သည် နိုင်ငံအရှေ့တောင်ဘက်ရှိ ဝန်ဆန်မြို့မှ ဒေသစံတော်ချိန် မနက် ၅:၃၉ နာရီခန့်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီး စကာ့ဒ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်သည် အရှေ့ဘက်သို့ဦးတည်လျက် ကီလိုမီတာ ၄၅၀ခန့် ပျံသန်းခဲ့ပြီး အမြင့်ကီလိုမီတာ ၅၆၀ ခန့်အထိရောက်ရှိခဲ့ကာ ဂျပန်ကုန်သွယ်ရေး ရေပိုင်နက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း တိုကျိုအစိုးရ၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags