ဘရာဇီးက မွေးမွေးချင်း လမ်းလျှောက်သော ကလေးငယ်

ဘရာဇီးက မွေးမွေးချင်း လမ်းလျှောက်သော ကလေးငယ်

ရီယိုဒီဂျနေးရိုး၊ မေ ၂၉ ။         ။ သားသမီးရတနာ ထွန်းကားတဲ့ မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေး လမ်းလျှောက်ကာ ပထမဆုံးခြေလှမ်း လှမ်းချိန်ကို မြင်ရဖို့ စိတ်ရှည် အချိန်ပေးပြီး စောင့်ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် ဘရာဇီးနိုင်ငံမှာ မိခင်ဝမ်းက ကျွတ်ကာစ ကလေးငယ်တစ်ဦး လမ်းစလျှောက်လို့ မိခင်၊ သူနာပြုနဲ့ ဆရာဝန်တွေကိုဂအံ့အားသင့်သွားစေပါတယ်။

ဝမ်းဆွဲသည်သူနာပြုက မွေးဖွားကာစမိန်းကလေးငယ်လေးကို ရင်ဘတ်ကနေ ထိန်းချီထားချိန်မှာ ကလေးလေးက ခြေလှမ်းတွေ လှမ်းလို့ သူဘာသာ လမ်းလျှောက်နေတာ အံ့သြဖွယ် တွေ့လိုက်ကြရတာဖြစ်တယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။

အွန်လိုင်းပေါ် ပျံ့တဲ့ ဗီဒီယိုမှာ ခွဲစိတ်ခန်းဝတ်စုံဝတ် သူနာပြု ကိုင်ထိန်းထားတဲ့ ကလေးမလေးက လမ်းလျှောက်နေတာတွေ့လိုက်ရပြီး "ဘုရားသခင်၊ ကလေးလေး လမ်းလျှောက်နေတယ်။ အံ့သြစရာပါလား။" လို့ သးနာပြုဖြစ်သူ ရေရွတ်လိုက်တာကိုလည်း ကြားရပါတယ်။

နောက်တော့  အခြားသူတွေကိုပါ ခေါ်ပြပြီး အားလုံးအတွက် မယုံနိုင်အောင် အံ့သြစေခဲ့ရပါတယ်။

ခုဗီဒီယိုကို ဘရာဇီးက Arlete Arantes အကောင့်က ဖေ့ဘုတ်ပေါ်စတင်ခဲ့တာပါ။ ဒီဗီယို ဘယ်အချိန်က ရိုက်တယ်ဆိုတာတော့ မသိရပါ။ ၄၂ စက္ကန့်သာ ကြာတဲ့ ခုဗီဒီယိုက   အင်တာနက်အွန်လိုင်းကို လွှမ်းမိုးသွားခဲ့ပြီး ကြည်ရှုသူ သန်း ၇၀ ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly