ဖဲကစားသော အမျိုးသမီး ၅ ဦးကို လောင်းကြေးငွေနှင့်အတူ ဖမ်းဆီး

ဖဲကစားသော အမျိုးသမီး ၅ ဦးကို လောင်းကြေးငွေနှင့်အတူ ဖမ်းဆီး

ရန်ကုန်၊ မေလ ၂၉ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ဖဲကစားသော အမျိုးသမီး ၅ ဦးအား လောင်းကြေးငွေ များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မေလ ၂၇ ရက်၊ ညနေ ၅ နာရီခန့်အချိန်တွင် အမှတ်(၆)နယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များက လောင်းကစား သတင်းအရ သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ပျော်/နောက်ရပ်ကွက် နေအိမ်လမ်းကြားသို့ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖဲကစားနေသူများမှာ အသက် ၃၁ နှစ်အရွယ် အောင်မေဝင်းနှင့် ဝင်းဝင်းမိုး၊ အသက် ၃ဝ အရွယ် တင်တင်အေး၊ အသက် ၄၃ နှစ်အရွယ် မပြုံးဆိုသူနှင့် အသက် ၅၅ နှစ်အရွယ် အေးအေးနွယ်ဆိုသူတို့ဖြစ်ပြီး ဖဲကစားရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် လောင်းကြေးငွေ ၁ဝ၁,၇၅ဝ ကျပ်တို့နှင့် အတူဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် ဖဲကစားနေသူ အောင်မေဝင်းဆိုသူအပါ အမျိုးသမီး ၅ ဦးကို အမှတ်(၆) နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly