ဖိလစ်ပိုင်မှာ အစိုးရရဲ့ မာရှယ်လော ထုတ်ပြန်မှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်

ဖိလစ်ပိုင်မှာ အစိုးရရဲ့ မာရှယ်လော ထုတ်ပြန်မှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်

မေ ၂၉ ။                ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ အစိုးရက စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ထားမှုအပေါ် ကန့်ကွက်ဆန့်ကျင်သူ အုပ်စုတစ်စုဟာ မေလ၂၉ ရက်က မြို့တော် မနီလာရှိ စစ်တပ်ဌာနချုပ်ရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ သမ္မတ ဒူတာတေးဦးဆောင်တဲ့ အစိုးရက လူဦးရေ သန်း ၂၀ နေထိုင်တဲ့ နိုင်ငံတောင်ပိုင်းဒေသမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပြီး ယင်းဒေသမှာ ရှိနေတဲ့ အိုင်အက်စ်လိုလားတဲ့ အစ္စလမ္မစ်စစ်သွေးကြွအပေါ်လည်း အစိုးရတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နွှဲနေလျက်ရှိပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးကတော့ ၎င်းအနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးကိုပါ မာရှယ်လော ထုတ်ဖို့ စဉ်းစားနေတယ်လို့ ပြောဆိုထားခဲ့သူ ဖြစ်ပြီး ယခုအခါမှာတော့ ၎င်းရဲ့ ယင်းဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန္ဒပြသူတွေပါ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၎င်းအနေနဲ့ ယခုလို စစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့နေရာမှာတော့ အထက်တရားလွှတ်တော်ချုပ်နဲ့ လွှတ်တော်တို့က ဘယ်လိုပဲ ဆုံးဖြတ်ညွှန်ကြားလာသည်ဖြစ်စေ ဂရုစိုက်နေမှာ မဟုတ်ကြောင်းလည်း ဒူတာတေးက ပြောဆိုထားပါတယ်။

" ကျုပ်တို့နိုင်ငံ လုံခြုံဘေးကင်းပါပြီလို့ ရဲနဲ့ စစ်တပ်က ကျွန်တော့်ကို ပြောမလာမချင်း ဒီ မာရှယ်လောက ဆက်ရှိနေဦးမှာပါပဲ၊ အခြား ဘယ်သူတွေဘာပြောပြော ကျွန်တော် ဂရုစိုက်နေမှာမဟုတ်ပါဘူး" လို့ ဒူတာတေးက ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly