အိမ်ထောင်သက် ၁၇နှစ်အကြာတွင် ဘန်စတေလာနှင့် ခရစ္စတင်းတေလာတို့ လမ်းခွဲပြတ်ဆဲ

အိမ်ထောင်သက် ၁၇နှစ်အကြာတွင် ဘန်စတေလာနှင့် ခရစ္စတင်းတေလာတို့ လမ်းခွဲပြတ်ဆဲ

အိမ်ထောင်သက် ၁၇ အကြာတွင် သရုပ်ဆောင်ဘန်စတေလာနှင့် ခရစ္စတင်းတေလာတို့သည် လမ်းခွဲပြတ်ဆဲ လိုက်ပြီဖြစ်သည်။

သူတို့စုံတွဲသည် Dodgeball: A True Underdog Story ၊ Tropic Thunder နှင့် Zoolander တို့တွင် တွဲဖက် သရုပ်ဆောင်ခဲ့ဖူးကြသည်။ သူတို့နှစ်ဦးသည် ခွာပြဲခဲ့ကြပြီဖြစ်ကြောင်းကို လွန်ခဲ့သော သောကြာနေ့က ကြေညာခဲ့ကြသည်။

“တစ်ယောက်နဲ့ တစ်ယောက်ကြီးမားလှတဲ့ မေတ္တာရား၊ လေးစားမှုတွေနဲ့ ကျနော်တို့နှစ်ဦး လက်တွဲခဲ့ကြတာ ၁၈ လောက်ရှိပါပြီ။ နောက်ဆုံးမှာတော့ ကျနော်တို့ လမ်းခွဲကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်” ဟု သူတို့ နှစ်ဦးက ကြေညာခဲ့သည်။

“ကျနော်တို့နှစ်ဦးဟာ သားသမီးတွေအပေါ်မှာ အကောင်းမွန်ဆုံး မိဘတွေအဖြစ်နဲ့ ထိန်းကျောင်းသွားမှာဖြစ်ပြီး အရင်းနှီးဆုံးမိတ်ဆွေအဖြစ်နဲ့ ဆက်လက်နေထိုင်သွားကြမှာပါ။ လောလောဆယ်တော့ ကျနော်တို့ရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို လေးစားကြဖို့ မီဒီယာတွေကို မေတ္တာရပ်ခံအပ်ပါတယ်” ဟု ပြောဆိုခဲ့ကြသည်။

အသက် ၅၁နှစ်အရွယ်ရှိ ဘန်စတေလာနှင့် ၄၅နှစ်အရွယ်ရှိ ခရစ္စတင်းတေလာတို့သည် ဟာဝါအီတွင် လွန်ခဲ့ သော ၂၀၀၀ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ကလေး ၂ဦး ထွန်းကားခဲ့သည်။

သူတို့၏ သမီးလေး အယ်လာအိုလီဗီယာသည် အသက် ၁၅ နှစ်ရှိပြီး သားငယ် ကွင်လင်ဒမ်ဆေးသည် လာမည့် ဂျူလိုင်လတွင် ၁၂နှစ်ပြည့်မည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly