ထွက်ရှိလာတော့မည့် သူမ၏သီချင်းအယ်လ်ဘမ်အသစ်နှင့် ပတ်သက်၍ လာနာဒယ်ရေး မှတ်ချက်ပေး

ထွက်ရှိလာတော့မည့် သူမ၏သီချင်းအယ်လ်ဘမ်အသစ်နှင့် ပတ်သက်၍ လာနာဒယ်ရေး မှတ်ချက်ပေး

အမေရိကန်အဆိုတော် လာနာဒယ်ရေးက သူမ၏ သီချင်းအယ်လ်ဘမ်အသစ်နှင့် ပတ်သက်၍ “ကျွန်မ စိတ်တွေ ရွှင်လန်းနေပါတယ်။ ကျွန်မလုပ်နေတဲ့ အလုပ်နဲ့ပတ်သက်လို့ ကျွန်မ တကယ့်ကို   ကျေနပ်နှစ်သက်ပါတယ်” ဟု ပြောကြားခဲ့သည်။

သူမ၏သီချင်းဗွီဒီယို အသစ်ထဲတွင် မျက်စပစ်ပြပုံ၊ ပြုံးရယ်ပုံနှင့် အကအလှများ ပါဝင်လာသည်ကို ကြည့်ရှုခဲ့ပြီး နောက်တွင် လာနာဒယ်ရေး၏ ပရိသတ်များသည် သူမ၏ပြောပိုဆိုပုံ အမူအရာများ   ပြောင်းလဲလာသည်ကို သတိထားမိခဲ့ကြသည်။

Lust For Life ဟု အမည်ပေးထားသော သူမ၏ သီချင်းအယ်လ်ဘမ်အသစ်သည် ယခုအခါတွင် အစစအရာရာ ပြီးစီးသွားပြီဖြစ်ကာ လာမည့် ဂျူလိုင်လတွင် ထွက်ရှိလာမည်ဖြစ်သည်။

“ဘယ်လိုမျိုး မှတ်ချက်တွေပဲရနေပါစေ၊ ကျွန်မသီချင်းတွေ အများကြီးဖန်တီးချင်ပါတယ်။ နောက်ထပ်နှစ်အများကြီး သီချင်းသီဆိုသွားချင်ပါတယ်။ အခုသီချင်းခွေအသစ်ကို ဖန်တီးဖို့အတွက် ကျွန်မ အချိန် ၂နှစ်တောင် ယူခဲ့ရ ပါတယ်” ဟု သူမကပြောကြားခဲ့သည်။

သူမ၏စင်ပေါ်၌ ဖျော်ဖြေတင်ဆက်မှုများသည် ပြောင်းလဲလာသည်ကို ပရိသတ်များက သတိထားမိခဲ့ကြသည်။ သူမသည် သီချင်းဗွီဒီယိုထဲ၌ သီဆိုကခုန်ခြင်း၊ နောက်ခံအဆိုရှင်များနှင့်အတူ ကကွက်စီစဉ် ဖန်တီးမှုများ ထည့်သွင်းထားသည်ကို မြင်တွေ့ရသည်။

ပင်ဂိုအနေအထားအရ ရှက်ရွံ့တတ်သော ပေါ့ပ်အဆိုတော်မလေးသည် ယခုအခါတွင် တင်ဆက်ပုံများပြောင်းလဲ လာခဲ့သည်။ သူမသည် ကခုန်တတ်ရန်အတွက် ၆ ပတ်ခန့် အချိန်ယူခဲ့ရကြောင်း ကိုလည်း ပြောပြခဲ့သည်။

သူမ၏ အယ်လ်ဘမ်အသစ်၏ ခေါင်းစီးသီချင်းမှာ Lust For Life ဖြစ်ပြီး ထိုသီချင်းကို အဆိုတော် The Weeknd နှင့်အတူ တွဲဖက်သီဆိုထားခြင်းဖြစ်သည်။

The Weeknd နှင့်ပတ်သက်၍ သူမက “ သူ့မှာ တမူထူးခြားတဲ့ အသံရှိပါတယ်။ ပြီးတော့ သူ့ရဲ့ အသံအနိမ့် အမြင့်ဟာလည်း ပြီးပြည့်စုံပါတယ်။ သူ့မှာ အစစအရာရာ ပြီးပြည့်စုံပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly