၁၃ ကြာမှ ဘွဲ့ရတဲ့ ဖေ့ဘုတ်တည်ထောင်သူ ဇူဂါဘတ်

၁၃ ကြာမှ ဘွဲ့ရတဲ့ ဖေ့ဘုတ်တည်ထောင်သူ ဇူဂါဘတ်

ဝါရှင်တန်၊ မေ ၂၇ ။                 ။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် ဖေ့ဘုတ် Facebook တည်ထောင်သူ မာ့ခ် ဇူဂါဘတ်တစ်ယောက် ဟားဗက်တက္ကသိုလ်ကနေထွက်ခဲ့တာ ၁၃ နှစ်ကြာခဲ့ပြီးနောက် ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကျမှပဲ အဆိုပါတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရခဲ့ပြီ ဖြစ်ပါတယ်။

ဇူဂါဘတ်ဟာ ယနေ့အချိန်အခါမှာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီး ဖြစ်နေပြီ ဖြစ်တဲ့ ဖေ့ဘုတ်ကို လွန်ခဲ့တဲ့ ၁၃ နှစ်လောက်တုန်းက အဆိုပါဟားဗက်တက္ကသိုလ်မှာပဲ အစပျိုးဖန်တီးခဲ့တာဖြစ်ပါတယ်။

ယခုအခါ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က ဟားဗက်တက္ကသိုလ်ကို သူ တစ်ဖန် ပြန်ရောက်လာချိန်မှာတော့ တက္ကသိုလ်ကနေ ချီးမြှင့်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ (doctor of laws degree) ကို လက်ခံရရှိခဲ့သလို ၂၀၁၇ ခုနှစ်ရဲ့ ဘွဲ့ရကျောင်းသားတွေကိုလည်း အမှာစကား ပြောကြားပေးသွားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကမ္ဘာ့ နံပါတ်ငါး အချမ်းသာဆုံး ပုဂ္ဂိုလ်ဟာ  ဟားဗက်တက္ကသိုလ်ပြန်ရောက်ခိုက်မှာ သူနေခဲ့တဲ့ အဆောင်ကိုလည်း သွားလည်ခဲ့သေးတယ်လို့ သိရပါတယ်။ အဆိုပါ အဆောင်အခန်းငယ်လေးထဲမှာပဲ ဖေ့ဘုတ်ကို သူ စပြီး ဖန်တီးခဲ့တာဖြစ်သလို ယနေ့အချိန်မှာတော့ ကမ္ဘာတစ်ဝှမ်း သုံးစွဲသူပေါင်းများစွာ ရှိနေပြီ ဖြစ်တဲ့ လူမှုကွန်ရက်ကြီးတစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်။

ဟားဗက်တက္ကသိုလ်ဘွဲ့ရကျောင်းသားတွေကို အမှာစကားပြောကြားရာမှာတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးကြဖို့နဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြဖို့ ဇူဂါဘတ်က တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly