အောင်လအင်ဆန်နှင့် ကမ္ဘာ့ချန်ပီယံတို့ ဒုတိယအကြိမ် MMA ရွှေခါးပတ်လုပွဲ ကျင်းပမည်

အောင်လအင်ဆန်နှင့် ကမ္ဘာ့ချန်ပီယံတို့ ဒုတိယအကြိမ် MMA ရွှေခါးပတ်လုပွဲ ကျင်းပမည်
ဓာတ်ပုံ- အောင်လအင်ဆန်

မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ မြန်မာ့စပါးကြီးမြွေ အောင်လအင်ဆန်နှင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘစ်ဒတ်ရှ်တို့ ဒုတိယအကြိမ် ထိုးသတ်ပွဲကို ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အောင်လအင်ဆန်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“ဒီတစ်ကြိမ်တော့ အပြည့်အဝ လေ့ကျင့်ထားတယ်။ ၂၅ မိနစ်အတွင်း စက္ကန့်တိုင်းမှာ အကောင်းဆုံး ကစားသွားမယ်။ ဇွန်လ ၃၀ မှာ ကျွန်တော် ချန်ပီယံ တစ်ယောက်ဖြစ်ရမယ်” ဟု ရေးသားထားသည်။

ရုရှားနိုင်ငံသား ဘစ်ဒတ်ရှ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် အောင်လအင်ဆန်းကို အမှတ်ဖြင့် အနိုင်ယူခဲ့ကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ရရှိခဲ့သည်။

ထိုပွဲအပြီးတွင် အောင်လန်အင်ဆန်က သူ့အား အားပေးသည့် ပရိသတ်များ မျှော်လင့်သလို မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် စိတ်မကောင်းကြောင်း၊ နောက်တစ်ပွဲမှာ အကောင်းဆုံး ပုံစံနှင့် ပြန်လာမည်ဟု သူ၏ လူမှုကွန်ယက်တွင် ဖော်ပြခဲ့သည်။

အောင်လအင်ဆန်သည် သူ ဝတ်ဆင်ခဲ့သော ရှပ်အကျီ၊ ဘောင်းဘီ၊ ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ရွှေတံဆိပ်ဆုများ လေလံတင်ရောင်းကာ ရရှိသောအကျိုးအမြတ်များကို စစ်ပြေးဒုက္ခသည်များကို လှူဒါန်းခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီ လဆန်းပိုင်းက အောင်လအင်ဆန်သည် သူ၏ဇာတိ ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွာေးရာက်၍ ကချင်စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံ၍ လှူဒါန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly