မင်းဘူး/စကုမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်း(၃၄)ကျောင်း အဆင့် တိုးမြှင့်ရရှိ

မင်းဘူး/စကုမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်း(၃၄)ကျောင်း အဆင့် တိုးမြှင့်ရရှိ

မင်းဘူး၊ မေလ ၂၇ ။               ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ အနက် ယခု ဘဏ္ဍာနှစ်တွင် စာ သင်ကျောင်း (၃၄)ကျောင်း အဆင့် တိုးမြှင့်ရရှိကြောင်း မင်းဘူး/စကုမြို့ နယ် ပညာရေးမှူးရုံးမှ သိရသည်။

အထက်တန်း ကျောင်းခွဲမှ အထက်တန်းကျောင်းအဖြစ် (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ မှ အလယ်တန်းကျောင်းအဖြစ် (၁၅) ကျောင်း၊ မူလတန်းလွန်ကျောင်း အဆင့်မှ အလယ်တန်းကျောင်းခွဲ အဆင့်သို့ (၇)ကျောင်း၊ မူလတန်း ကျောင်းမှ မူလတန်းလွန်ကျောင်း အဖြစ်သို့ (၈) ကျောင်းနှင့် မူလ တန်းကျောင်းခွဲအဆင့်မှ မူလတန်းကျောင်းအဖြစ်သို့ (၁) ကျောင်းနှင့်မူကြိုမှ မူလတန်းကျောင်း အဖြစ်(၁)ကျောင်း စုစုပေါင်း (၃၄)ကျောင်းအဆင့်တိုး မြှင့်ရရှိခဲ့သည်။

မင်းဘူး/စကုမြို့နယ် ပညာရေးမှူးရုံးမှ ကျောင်းများအဆင့်တိုးမြှင့် ဖွင်လှစ်ခွင့် ရရှိရန် ၂၀၁၆ နိဝင်ဘာလက ခရိုင်မှတဆင့် တိုင်း၊တိုင်းမှတဆင့် အခြေခံပညာဦးစီးဌာနသို့ တင်ပြခဲ့သည်။ ထိုသို့ တင်ပြရာတွင် (၃၇)ကျောင်း တင်ပြခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက ပြောသည်။

“ကျောင်းတွေ အဆင့်တိုးမြင့် ရရှိဖို့ တင်ပြခဲ့တာက (၃၇)ကျောင်းပါ၊ ခွင့်ပြုတာက (၃၄)ကျောင်း ဖြစ်ပါတယ်၊ ဒါက ပညာရေးဌာနရဲ့ နှစ်စဉ် လုပ်ထုံးလုပ်နည်းများအရ ကျောင်းအဆင့် တိုးမြှင့်ပေးတာ   ဖြစ်တယ်။ ကျောင်းအဆင့်မြှင့်ရရှိတော့ ဒေသခံ ကျောင်းသား၊ ကျောင်းသူတွေ တစ်ရပ်တစ်ကျေး သွားပြီး ပညာသင်ကြားရတ ဲ့ အခက်အခဲတွေ ပြေလည်မယ်။ ဒီ တော့ ငွေမတတ်နိုင်လို့ ကိုယ့်ဒေသမှာရှိတဲ့ ကျောင်းအဆင့်လောက်ပဲ ပညာသင်ပြီး ပညာရေးရပ်တန့် သွားတာမျိုးတွေ နည်းပါးလာမယ်၊ ဒေသလည်း ဖွံ့ဖြိုးလာမယ်”ဟု မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက ပြောသည်။

မင်းဘူး/စကုမြို့နယ်တွင် အ ထက်တန်းကျောင်း (၅) ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၈) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃၇)ကျောင်း၊ မူလတန်းလွန် ကျောင်း (၂၄) ကျောင်း၊ မူလတန်း ကျောင်း (၇၁) ကျောင်း၊ မူလတန်း ကျောင်းခွဲ (၂)ကျောင်း၊ စုစုပေါင်း (၁၄၇) ကျောင်းရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly