တစ်နေရာတည်း၌ မူးယစ်ဆေးဝါး၊ဆေးပြားများ ၂ခါ ဖမ်းဆီးရမိ

တစ်နေရာတည်း၌ မူးယစ်ဆေးဝါး၊ဆေးပြားများ ၂ခါ ဖမ်းဆီးရမိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မေ ၂၆ ။               ။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ပန်ခေါက်ဝိုးရွာအနီး ယနေ့ မေလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၂၅ ပြားနှင့်ဘိန်းဖြူမှုန့် ၁၈ ဒသမ ၅ ဂရမ်၊ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ခြောက်သိန်းကျော်)ကိုဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

တောင်ကြီးမြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ ခွန်စန်းအောင်(ဘ) ဦးလောင်ပေး မောင်းနှင်၍ ဌေးအောင်(ဘ)ဦးလီကြည်စန်းနှင့် ကျော်ထူး(ဘ) ဦးလီစင်ဆန်းတို့လိုက်ပါလာသည့် CHEVROLET အမျိုးအစားမော်တော်ယာဉ်အမှတ်၊ 6F/---- အား စစ်ဆေးရာ ယာဉ်နံပါတ်ပြားနှင့် ကားဘော်ဒီကြားတွင် ဝှက်၍သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား   နှင့်ဘိန်းဖြူမှုန့်များကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၃ ရက် ညနေ ၅ နာရီခန့်တွင်လည်း အဆိုပါနေရာ၌ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၁၈၆ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁ သိန်းကျော်)ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး နမ့်စန်မြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ အောင်မျိုးထွန်း မောင်းနှင်လာသည့် ပရိုဘောက် အမျိုးအစား မော်တော်ယာဉ်အမှတ်၊ FF/---- အား စီးနင်း လိုက်ပါလာသော မပပဝင်း(ဘ)ဦးနီ သယ်ဆောင်လာသည့် အနီရောင်မုန့်ပုံးအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly