လူကြိုက်များ အောင်မြင်နေရသည့် အကြောင်းရင်းကို TWICE အဖွဲ့ ထုတ်ဖော်ပြောကြား

လူကြိုက်များ အောင်မြင်နေရသည့် အကြောင်းရင်းကို TWICE အဖွဲ့ ထုတ်ဖော်ပြောကြား

တောင်ကိုရီးယားမှ အမျိုးသမီး ကေပေါ့ပ်ဂီတအဖွဲ့ TWICE သည် ၎င်းတို့အဖွဲ့ လူကြိုက်များ အောင်မြင်နေရသည့် အဓိကအကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

TWICE အဖွဲ့သည် Mnet ရုပ်သံလိုင်းမှ မေလ ၂၅ရက်နေ့က ထုတ်လွှင့်ခဲ့သော “I Can See Your Voice” အစီအစဉ်သို့ ဧည့်သည် အနုပညာရှင်များအနေဖြင့် တက်ရောက်ခဲ့ပြီး အစီအစဉ်မှူးဖြစ်သူ ကင်ဂျောင်ကွတ်ခ်က ၎င်းတို့အဖွဲ့သည် ပရိသတ်အများအပြား၏ အားပေးမှုကို ဘာကြောင့်ရရှိနေသလဲဆိုတာ မေးမြန်းခဲ့သည်။

“ကျွန်မတို့ရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကျွန်မတို့ အစွမ်းကုန်ကြိုးစားပါတယ်။ ကျွန်မတို့ မိတ်ကပ်တွေ မလူးပဲနဲ့တောင် ရုပ်သံထုတ်လွှင့်မှုတွေ လုပ်ခဲ့ပါတယ်” ဟု TWICE အဖွဲ့ဝင် ဂျီဟိုက ပြောခဲ့သည်။

“ကျွန်မတို့ရဲ့ ပရိသတ်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကျွန်မတို့ရဲ့ ပင်ကိုစရိုက်အမှန်ကိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသထားပါတယ်။

အဲ့ဒီ့အချက်တွေကို ကျွန်မတို့ရဲ့ ပရိသတ်တွေ အထူးနှစ်သက်တာလို့ ကျွန်မထင်ပါ တယ်” ဟု သူမ ယူဆသော TWICE အဖွဲ့ အောင်မြင်သည့် အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags