ဘရာဇီးအရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်မှ အကျဉ်းသား ၉၁ ဦး ဥမင်လှိုဏ်ခေါင်းဖောက်၍ ထွက်ပြေး

ဘရာဇီးအရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်မှ အကျဉ်းသား ၉၁ ဦး ဥမင်လှိုဏ်ခေါင်းဖောက်၍ ထွက်ပြေး

 မေ ၂၆ ။                         ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပါနာမီရင်မ်အကျဉ်းထောင်မှ အကျဉ်းသား ၉၁ဦးသည် ကြာသာပတေးနေ့၌ မီတာ ၃၀ခန့် ရှည်လျားသော ဥမင်လှိုဏ်ခေါင်းဖောက်၍ ထွက်ပြေးသွားကြောင်း အာဏာပိုင်များက ပြောခဲ့ သည်။

 ထွက်ပြေးသွားသော အကျဉ်းသားများထဲမှ ၉ ဦးကို ပြန်လည်းဖမ်းဆီးမိပြီး ရဲများသည် ဘရားဇီးနိုင်ငံ အရှေ့ မြောက်ပိုင်းမှ ရီယိုဂရန်ဒီဒိုနောတီပြည်နယ်၏ မြို့တော် နေတယ်လ်နယ်နမိတ်အတွင်းနှင့် အခြားအနီးအနားမှ မြို့ ၃၀ ခန့်၌ ရှာဖွေမှုများကို စတင်ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ အခြားဝရမ်းပြေး ၈၂ဦး၏ သတင်းအစအနကို မကြားရသေးကြောင်း သိရသည်။

 ဒေသတွင်းသတင်းစာများက ဖော်ပြခဲ့သော ဓာတ်ပုံများထဲ၌ ကျဉ်းမြောင်းသော ဥမင်လှိုဏ်ခေါင်းအပေါက်ကို မြင်တွေ့ရပြီး အကျဉ်းသားများသည် ကြိုးသိုင်းဖိနပ်များ၊ အဝတ်အစားများကို ချွတ်ထားခဲ့၍ ထွက်ခွာသွားခဲ့ပုံရ ကြောင်း သိရသည်။

 ဒေသဆိုင်ရာအာဏာပိုင်များ၏ အဆိုအရ ပါနာမီရင်မ်အကျဉ်းထောင်သည် အကျဉ်းသား ၃၈၂ဦးခန့်သာ ဝင်ဆံ့ သော်လည်း ၅၈၉ဦးခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

 ဘရာဇီးရှိအကျဉ်းထောင်များသည် များပြားလှသော အကျဉ်းသားများကို ထိန်းသိမ်းထားရပြီး ထိုထောင်များ သည် မူးယစ်ဆေးဝါးဂိုဏ်းများကြား ထိပ်တိုက်တွေ့ဆုံမှု မကြာခဏဖြစ်ပွားသော နယ်မြေအတွင်း၌ တည်ရှိသည်။

 ယခုနှစ်အစောပိုင်းတွင် မူးယစ်ဂိုဏ်းများကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူ ၁၄၀ခန့် သေဆုံးခဲ့ပြီး အမေဇွန်နတ်စ်၊ ရိုရိုင်းမားနှင့် ရီယိုဂရန်ဒီဒိုနောတီ ပြည်နယ်များ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ရှိခဲ့ သည်။

ဘရာဇီးနိုင်ငံ၌ အကျဉ်းထောင် ၂၇၆၆ခုရှိပြီး ထိန်းသိမ်းခံရသူ အကျဉ်းသား ၆၂၂၀၀၀ ခန့်ရှိကာ ကမ္ဘာပေါ်၌ စတုတ္ထ အကျဉ်းသားအများဆုံး နိုင်ငံတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly