ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဇာဟာ စာချုပ်သက်တမ်းတိုး

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဇာဟာ စာချုပ်သက်တမ်းတိုး

မေ ၂၆၊ လန်ဒန်။              ။ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာသည် ပရီးမီးယားလိဂ်ကလပ်နှင့် ငါးနှစ်စာချုပ်သက်တမ်းတိုးလိုက်သည်။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားသည် ပဲလေ့စ်တွင်ကစားသည့် ကာလနှစ်ခုအတွင်း ၂၅၈ ပွဲကစားပြီး ၃၄ ဂိုးသွင်းယူ ထားသည်။

အသက် ၂၄ နှစ်ရှိ ဇာဟာက “ပဲလေ့စ်က ကျွန်တော့်ရဲ့အသည်းနှလုံးထဲမှာရှိနေပြီး ဒီဇာတ်လမ်းဆုံးသွားပြီလို့ မထင်ပါဘူး”ဟု အသင်းပိုင်ဝက်ဘ်ဆိုက်သို့ ပြောသည်။

ဇာဟာ ၂၀၁၃ တွင် ကနဦးပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် မန်ချက်စတာယူနိုက်တက်အသင်းထံပြောင်းရွှေ့ခဲ့သော်လည်း လန်ဒန်တောင်ပိုင်းတွင်အငှားနှစ်ကြိမ်ကစားပြီးနောက် ၂၀၁၅ တွင် ပဲလေ့စ်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။

ပဲလေ့စ်အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်က “ဇာဟာက ရှစ်နှစ်သားကတည်းက အသင်းနဲ့အတူရှိလာခဲ့တာဖြစ်ပြီး ကျွန်တော်စရောက်တဲ့ နေ့ကတည်းက ပထမအသင်းသားဖြစ်ပါတယ်။

သူကကျွန်တော်တို့အတွက် အဆောင်လက်ဖွဲ့တစ်ခုလိုပဲဖြစ်ပြီး အပတ်တိုင်း အရာရာပေးဆပ်နေတတ်တဲ့သူမျိုးလည်း ဖြစ်ပါတယ်”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly