ပြင်သစ်စူပါဖလားကို ပီအက်စ်ဂျီအသင်း ငါးကြိမ်မြောက်ဆွတ်ခူး

ပြင်သစ်စူပါဖလားကို ပီအက်စ်ဂျီအသင်း ငါးကြိမ်မြောက်ဆွတ်ခူး

သြဂုတ် ၂၊ ပဲရစ်။ ။ ပီအက်စ်ဂျီအသင်းသည် လိုင်ယွန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ပြင်သစ်စူပါဖလားကို ငါးကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို နောက်ခံလူ ဆာဂျီအူရီရာနှင့် တိုက်စစ်မှူး ကာဗာနီတို့က သွင်းယူပေးခဲ့ကြသည်။

ပြင်သစ်စူပါဖလားကို ၈ ကြိမ်ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော လိုင်ယွန်အသင်းသည် ယခုပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းကို အဖက်ဖက်က လုံးဝမယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည် ပြင်သစ်စူပါဖလားကို သုံးနှစ်ဆက်တိုက်ရရှိခြင်းလည်း ဖြစ်သည်။

ဘောလုံးပိုင်ဆိုင်မှု ၇၀/၃၀ လောက်ကွဟမှုရှိခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာပင် ပီအက်စ်ဂျီအသင်းက အဖွင့်ဂိုးစသွင်းနိုင်ခဲ့သည်။ ညာတောင်ပံက ဒေးဗစ်လူးဝစ္စ အပြင်းချိုးပေးလိုက်တာကို ဆာဂျီအူရီရာက ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ ပထမဂိုးရပြီး ၇ မိနစ်အကြာမှာပင် ဒုတိယဂိုးရခဲ့ပြီး မိုဗစ်ချ်၏ ကန်သွင်းချက်က ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာသည်ကို ကာဗာနီက အပြင်းကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly