မန်ယူသို့ပြောင်းရန် ပက်ဒရိုဆုံးဖြတ်ထားပြီးဖြစ်သည်ဟု မိခင်ဖြစ်သူမှပြောဆို

မန်ယူသို့ပြောင်းရန် ပက်ဒရိုဆုံးဖြတ်ထားပြီးဖြစ်သည်ဟု မိခင်ဖြစ်သူမှပြောဆို

သြဂုတ် ၂၊ ဘာစီလိုနာ။ ။ ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူသို့ပြောင်းရန်ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု မိခင်ဖြစ်သူမှ ပြောဆိုလိုက်ရာ မန်ယူအသင်းအတွက် ယုံကြည်မှုများတိုးပွားစေခဲ့ပြီဖြစ်သည်။

ပက်ဒရိုမိခင်ဖြစ်သူ၏ပြောစကားကို ဖွင့်ဟလာခဲ့သူမှာ ရာကီဆန်အိုင်ဆီဒရိုအသင်းဥက္ကဋ္ဌ ဂျေမီလော်ရန်ဇိုဖြစ်ပြီး ယင်းအသင်းမှာ စပိန်တွင် ပက်ဒရိုပထမဆုံးကစားခဲ့သည့် ပရော်ဖက်ရှင်နယ်အသင်းဖြစ်သည်။

လော်ရန်ဇိုက "ကစားသမားက ဒီကဘောလုံးသင်တန်းကျောင်းကို ရက်သတ္တပတ်အနည်းငယ်လောက် အလုပ်ပြန်လာလုပ်ခဲ့ပြီး သူသွားတော့ မယ်ဆိုတာ သူ့သူငယ်ချင်းတွေလည်း သိကြပြီးဖြစ်ပါတယ်။ တစ်ရက်မှာ ပက်ဒရိုရဲ့အမေနဲ့ ပရိဘောဂဆိုင်တစ်ဆိုင်မှာတွေ့တုန်းကလည်း ပက်ဒရို အင်္ဂလန်ကိုသွားတော့မယ်လို့ ကျွန်တော့်ကို ပြောပြခဲ့တယ်။ အဲဒါကသူ့အတွက်စိန်ခေါ်မှုကောင်းဖြစ်ပြီး ကစားခွင့်လည်းပိုရလာမှာပါ" ဟု ကက်ဒီနာဆာအသံလွှင့်ဋ္ဌာနသို့ ပြောသည်။

ကန်နာရီကျွန်းအခြေစိုက် ဆန်အိုင်ဆီဒရိုအသင်းအနေဖြင့် ပက်ဒရို၏ပေါင် ၂၂ သန်းတန်အပြောင်းအရွှေ့ဖြစ်ပေါ်လာပါက ပြောင်းရွှေ့ကြေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပေါင် ၃၁၇, ၀၀၀  ခံစားခွင့်ရမည်ဖြစ်သည်။

ပက်ဒရိုသည် ၂၀၀၃ ခုနှစ်တွင် ဆန်အိုင်ဆီဒရိုအသင်း၏ (ခ)အသင်း၌ကစားပြီး ၃၅ ဂိုးသွင်းခဲ့ကာ အသက် ၁၇ နှစ်အရွယ်တွင် စီနီယာအသင်း ၌ ပွဲထွက်ခွင့်ရခဲ့သည်။ ၂၀၀၄ တွင် ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့သည်။

အကယ်၍မန်ယူအသင်းသည် ဒီမာရီယာကိုရောင်းချဖြစ်ခဲ့ပြီး ပက်ဒရို၏ သတ်မှတ်ပြောင်းရွှေ့ကြေးကိုလည်း ပေးရန်သဘောတူခဲ့မည်ဆိုပါက ပက်ဒရိုသည် ဗုဒ္ဓဟူးနေ့တွင် ရိုးမားနှင့်ကစားရမည့် ဂမ်ပါဖလားကို ဘာစီလိုနာအတွက်နောက်ဆုံးပွဲအဖြစ် ကစားရဖွယ်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly