ပြည်မြို့စည်ပင်ကော်မတီဥက္ကဋ္ဌ အဖြစ် အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

ပြည်မြို့စည်ပင်ကော်မတီဥက္ကဋ္ဌ အဖြစ် အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၂၆ ရက်က  အရပ်ဖက်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပြီး  မဲအများဆုံးရရှိသူ အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးကို ကော်မတီဝင် အဖြစ်ရွေးချယ်ခဲ့သည်။

မနက် ၈ နာရီအချိန်တွင် ပြည်မြို့ ရွာဘဲနယ်မြေ မူယာပင်ရပ် မြို့တော်ခန်းမတွင် ဝင်ရောက် ရွေးချယ်ခံသူ ကိုယ်စားလှယ်လောင်း ၄၂ ဦးအနက် ၃ ဦးကို အချင်းချင်း မဲပေးမှုစနစ်အရ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မဲရေတွက်မှုအရ ဒေါ်သန်းသန်းေ၀ ၂၈ မဲဖြင့် ဥက္ကဋ္ဌ၊ ဦးထွန်းထွန်း ၂၆ မဲဖြင့် ဒုဥက္ကဋ္ဌ ၊ ဒေါ်သင်းသင်းအေး ၂၁ မဲဖြင့် အဖွဲ့ဝင် အဖြစ် အတည်ပြုရွေးချယ်ခဲ့သည်။

ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရသူ ဒေါ်သန်းသန်းေ၀ သည် အသက် ၃၉ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး B.Sc(Chem;) ဘွဲ့ ရရှိထားသူ အိမ်အမှတ် ၁၂၄ ဗိုလ်ချုပ်လမ်း နေထိုင်သူဖြစ်သည်။

၎င်းက“ပြည်သူက ရွေးချယ်ထားတဲ့ စည်ပင်ကော်မတီဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးအများဆုံး လုပ်မှာပါဟု ဆိုသည်။ ပြည်မြို့အတွက် အမှိုက်သိမ်းစနစ် နှင့် ရေစီးရေလာကောင်းမွန်ရေးကို ပထမ ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။

ရွေးချယ်ပွဲသို့ လူဟောင်းစည်ပင်ကော်မတီ အားလုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ ရွေးချယ်ခံကိုယ်စားလှယ်များကို ယုံကြည်မှုအပြည့်အဝရှိသည်ဟု လည်း စည်ပင်ကော်မတီဝင်ဟောင်း ဦးအေးချိုက ပြောသည်။

“အဟောင်းတွေထက်သူတို့က ပိုလုပ်နိုင်မှာပါ။ သူတို့တွေက လက်ရှိ အနိုင်ရပါတီထဲက အမာခံတွေဖြစ်တဲ့အတွက် လုပ်နိုင်မှာပါ”ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly