တရုတ်၏ ကျူးကျော်မှုကို တန်ပြန်ရန်အဖြစ် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်ရန် ထိုင်ဝမ်သမ္မတ ညွှန်ကြား

တရုတ်၏ ကျူးကျော်မှုကို တန်ပြန်ရန်အဖြစ် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်ရန် ထိုင်ဝမ်သမ္မတ ညွှန်ကြား

တိုင်ပေ၊ မေ ၂၆ ။              ။ ပတ်စကာဒိုကျွန်းအား ကျူးကျော်ချင်ဟန်ရှိသည့် တရုတ်ကို တန်ပြန်သည့်အနေဖြင့် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်ရန် ထိုင်ဝမ်သမ္မတက ညွှန်ကြားပြီး စစ်လက်နက်အင်အား တောင့်တင်းရေးကိုလည်း ထပ်လောင်းပြောသည်။

ကာကွယ်ရေးစွမ်းရည်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်သို့ ချီတက်ရာတွင် ထိုင်ဝမ်လုံခြုံရေးတပ်ဖွဲ့၏ အားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများ အဆင့်မြင့်ဖွံ့ဖြိုးရမည်ဖြစ်ကြောင်း သမ္မတ ထိုက်အင်ဝမ်က ပြောသည်။

မည်သည့်တိုက်ခိုက်မှုမျိုးမဆိုက ပိုင်နက်နယ်မြေအတွက် ကာကွယ်သွားရန် ထိုင်ဝမ်အနေဖြင့် သံန္ဒိဌာန်ခိုင်မာပြီးဖြစ်ကြောင်းလည်း ၎င်းက အခိုင်အမာပြောသည်။

သမ္မတ ထိုက်အင်ဝမ်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခဲ့သော မေ ၂၅ ရက်က ကျည်စစ်စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ နှစ်စဉ်လုပ်ဆောင်မြဲဖြစ်သော ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုကြီး၏ တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

ထိုင်ဝမ်ဝန်းကျင်သို့ ယခုနှစ်အစပိုင်းက လေယာဉ်များ၊ သင်္ဘောများ စေလွှတ်ခဲ့သည့် တရုတ်နှင့် တင်းမာမှုမြင့်တက်နေသည့်အချိန်အတွင်း ယခုစစ်ရေးလေ့ကျင့်မှုအား ပတ်စကာဒိုကျွန်းတွင် ထိုင်ဝမ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly