ဘရာဇီးတိုက်စစ်မှူးပါတိုကို ပေါင် ၅ သန်းဖြင့်ကမ်းလှမ်းရန် ဆန်းဒါးလန်းအခွင့်အရေးရရှိ

ဘရာဇီးတိုက်စစ်မှူးပါတိုကို ပေါင် ၅ သန်းဖြင့်ကမ်းလှမ်းရန် ဆန်းဒါးလန်းအခွင့်အရေးရရှိ

သြဂုတ် ၂၊ ဆန်းဒါးလန်း။ ။ ဆန်းဒါးလန်းအသင်းသည် ဘရာဇီးတိုက်စစ်မှူး ပါတိုကို ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းရန် အခွင့်အရေးရရှိထားသည်။ ကော်နာဝှစ်ခမ်ကို ခရစ္စတယ်ပဲလေ့စ်သို့ ပေါင် ၉ သန်းဖြင့်ရောင်းချရန်သဘောတူထားသော ဆန်းဒါးလန်းအသင်းသည် အသက် ၂၅ နှစ်အရွယ်ရှိ ပါတိုကို ဆွေးနွေးသွားမည်ဖြစ်သည်။

အေစီမီလန်တိုက်စစ်မှူးဟောင်းပါတိုသည် ကိုရင်သီယန်အသင်းမှ ဆာအိုပေါ်လိုသို့အငှားသွားကစားနေပြီး ၎င်း၏ခြေစွမ်းအမှန်ကို ပြန်လည်ရရှိ ခဲ့သည်။

ပါတိုသည် အေစီမီလန်အသင်းတွင် စီးရီးအေပွဲစဉ် ၁၁၇ ပွဲကစားပြီး ၅၁ ဂိုးသွင်းနိုင်ခဲ့သော်လည်း ဒဏ်ရာများကြောင့် ရုန်းကန်ခဲ့ရသည်။ ဆန်းဒါးလန်းအသင်းတွင် စတီဗင်ဖလက်ချာနှင့် ဒန်နီဂရေဟမ်တို့၏အနာဂါတ် မသေချာချိန်တွင် နည်းပြ အက်ဒဗိုကတ်သည် ဘလက်ဘန်း တိုက်စစ်မှူး ရိုဒက်စ်ကို ချိတ်ဆက်နေသည်။

ဆန်းဒါလန်း၏ အရှေ့မြောက်ပိုင်းဒေသပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းသည် အသက် ၂၅ နှစ်အရွယ်စကော့တလန်တိုက်စစ်မှူး ရိုဒက်စ်ကို ပေါင် ၁၂ သန်းဖြင့်ကမ်းလှမ်းထားပြီးဖြစ်သော်လည်း ပယ်ချခံခဲ့ရသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly