မိုးသည်းထန်၍ ဘန်ကောက်လမ်းများ ရေလျှံ၊ မုတ်သုံမိုးအတွက် မြို့နေများ ကြိုတင်ပြင်ဆင်

မိုးသည်းထန်၍ ဘန်ကောက်လမ်းများ ရေလျှံ၊ မုတ်သုံမိုးအတွက် မြို့နေများ ကြိုတင်ပြင်ဆင်

ဘန်ကောက်၊ မေ ၂၅ ။            ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ရေနုတ်မြောင်းစနစ် အားနည်းခြင်းပြယုဂ်အဖြစ် လမ်းမများတွင် ရေလျှံမှုများ ဖြစ်ပေါ်နေကာ သွားရေးလာရေး ခက်နေပြီး မြို့နေများမှာ မုတ်သုံရာသီမိုးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေရသည်။

မေ ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းလိုက်ပြီးနောက် ဘန်ကောက်ရှိလမ်းများ ရေလျှံမှုဖြစ်ပြီး တစ်ချို့နေရာများတွင် ဒူးလောက်အထိ ရေကြီးနေသည်။

ဆိုးရွားစွာရေလွှမ်းသည့် လမ်းများကို ရှောင်ကွင်းကာ လမ်းသွားလမ်းလာများမှာ ကွေ့ပတ်သွားလာနေရသည်။

တစ်ချို့က ရော်ဘာလှေများဖြင့်ပင် သွားကြသလို တစ်ချို့မှာ ရေထဲကပင် ဖြတ်သန်းသွားလာကြသည်။ ဘတ်စ်ကားဆရာများမှာ ရေလျှံမှုကြောင့် မှတ်တိုင်တွင် မရပ်နိုင်ဘဲ ကြုံသလိုရပ်ရရာ ခရီးသည်များမှာ ရေလျှံလမ်းပေါ် ဆင်းလျှောက်နေကြရသည်ကိုလည်း မြင်တွေ့ရသည်။

ဘန်ကောက်တစ်ခွင် ပြီးခဲ့သည့်ညက ရွာသွန်းခဲ့သောမိုးသည် မြို့၏ ရေနုတ်မြောင်းစနစ်မှ ရေသွန်ထုတ်နိုင်မှုထက် ကျော်လွန်နေကြောင်း ဘန်ကောက်ရေကြီးမှုထိန်းချုပ်ရေးစင်တာမှ တာဝန်ရှိသူ ရူအန်ဂရစ်က EPA သို့ ပြောသည်။

"မြို့ရဲ့ ရေသွန်ထုတ်နိုင်စွမ်းဟာ တစ်နေ့ အများဆုံး ၉၀ မီလီမီတာပဲ ရှိတာပါ။ ညက ရွာတဲ့ မိုးဟာ ၁၅၀ နဲ့ ၁၇၀ မီလီမီတာကြား ရှိတာဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly