မန်ချက်စတာဗုံးကွဲမှု သက်သေပစ္စည်းများ နယူးယောက်တိုင်းမ်စ်သို့ ပေါက်ကြား၍ စိုးရိမ်ကြောင်း ထရမ့်အား ထရီဆာမေ ပြောဆိုမည်

မန်ချက်စတာဗုံးကွဲမှု သက်သေပစ္စည်းများ နယူးယောက်တိုင်းမ်စ်သို့ ပေါက်ကြား၍ စိုးရိမ်ကြောင်း ထရမ့်အား ထရီဆာမေ ပြောဆိုမည်

အင်္ဂလန်က မန်ချက်စတာမြို့ ဇာတ်ပွဲရုံတွင် ဖြစ်ပွားသည့် အသေခံဗုံးခွဲမှုမှ သက်သေခံပစ္စည်းများက အမေရိကန်မီဒီယာသို့ ပေါက်ကြားခဲ့ပုံရ၍ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေအနေဖြင့်   ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံချိန်တွင် ယင်းအရေးကိစ္စအပေါ် စိုးရိမ်ကြောင်း ပြောဆိုမည်ဟု သိရသည်။

နယူးယောက်တိုင်းမ်စ်သတင်းစာတွင် ဗုံးခွဲမှုမှ အပိုင်းအစအပျက်အစီးဓာတ်ပုံများကို ဖော်ပြလာခြင်းကြောင့် အမေရိကန်တာဝန်ရှိသူများအတွက် စိတ်မကျေမချမ်းဖြစ်ရသည်။

မေ ၂၂ ရက်ညက မန်ချက်စတာပွဲရုံတွင် အမေရိကန်အဆိုတော် အာရီယာနာဂရန့်၏ ရှိုးပွဲအပြီး အသေခံဗုံးခွဲမှုဖြစ်ပွားရာတွင် ကလေးများအပါအဝင် လူ ၂၂ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်သည့် အသေခံဗုံးခွဲသမားမှာ ဆာလမန်အဘီဒီဆိုသူဖြစ်ကာ ယင်းနှင့် ချိတ်ဆက်ပတ်သက်သူများကို ဖမ်းဆီးထိန်းသိမ်းထားရာ ရှစ်ဦးရှိပြီဖြစ်သည်။

လာမည့်နေတိုးအစည်းအဝေး တွေ့ဆုံချိန်တွင် ဗြိတိန်ဝန်ကြီးချုပ်အနေဖြင့် အမေရိကန်သမ္မတအား တိုက်ခိုက်မှုသက်သေခံများ နယူးယောက်တိုင်းမ်စ်သို့ ပေါက်ကြားခြင်းကိစ္စရပ်ကို စိုးရိမ်ကြောင်း ပြောဆိုဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly