ဒူးရင်းပင် စိုက်ပျိုးခြင်း အပိုင်း(၂)

25 May 2017
ဒူးရင်းပင် စိုက်ပျိုးခြင်း အပိုင်း(၂)

ဒူးရင်းပင်ကတော့ မြေသြဇာထက်သန်တဲ့ မြေမျိုးကို ကြိုက်နှစ်သက်ပြီးတော့ ရေဝပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူး။ ဒူးရင်းပင်ကိုတော့ အစေ့ကို ပျိုးထောင်ပြီး စိုက်ပျိုးခြင်းနှင့် ကိုင်းကူးကိုင်းဆက်ပြီး စိုက်ပျိုးခြင်းနဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ အစေ့ကို ပျိုးထောင်မယ်ဆိုရင်တော့ တစ်ပတ်ခန့်ကြာတဲ့ အခါမှာ အပင်ပေါက်ကလေးများ ထွက်လာမှာဖြစ်ပါတယ်။

အပင်ပေါက်ကလေးများကိုတော့ မိုးဦးကျကာလမှာ စိုက်ခင်းကို ရွှေ့ပြောင်းစိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ အစေ့များကို ပျိုးထောင်တဲ့အခါမှာတော့ အနက် ၈ လက်မ အကျယ် ၈ လက်မရှိတဲ့ ပျိုးအိတ်လေးတွေနဲ့ထည့်ပြီး ပျိုးထောင်ထားရမှာပဲ ဖြစ်ပါတယ်။

 ၁ နှစ်ခန့် ကြာတဲ့ အခါမှာတော့ စိုက်ခင်းကို ရွှေ့ပြောင်းစိုက်ပျိုးပေးရမှာပဲ ဖြစ်ပါတယ်။ အပင်များကို မြေသြဇာကျွေးခြင်းကတော့ ၁ နှစ်ကို အနည်းဆုံး ၂ ကြိမ်ခန့် ကျွေးပေးရမှာဖြစ်ပါတယ်။

မိုးဦးကျ တစ်ကြိမ်နဲ့ မိုးနှောင်းတစ်ကြိမ် ကျွေးပေးရမှာပါ။ အပင် ပတ်ပတ်လည်ကို မြေဆွပြီး မြေသြဇာကို ကျွေးပေးရမှာပဲ ဖြစ်ပါတယ်။ ယိုးဒယားမျိုးကိုသာ ကိုင်းကူးကိုင်းဆက် စိုက်ပျိုးခြင်း ပြုလုပ်ကြပါတယ်။ ဗမာမျိုးကတော့ အခေါက်ပါးတဲ့ အတွက် ကိုင်းကူးကိုင်းဆက်ရန် မလွယ်ကူတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အစေ့ကို စိုက်ခြင်းဖြစ်စေ ၊ ကိုင်းကူးကိုင်းဆက်စိုက်ခြင်း ဖြစ်စေ သက်တမ်း ၇ နှစ်မှ ၁၀နှစ်အတွင်းမှသာ အသီး သီးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly