ဘာစီလိုနာကြယ်ပွင့်မက်ဆီ၏ ထောင်ဒဏ်အယူခံပယ်ချခံရ

ဘာစီလိုနာကြယ်ပွင့်မက်ဆီ၏ ထောင်ဒဏ်အယူခံပယ်ချခံရ

မေ ၂၅၊ ဘာစီလိုနာ။             ။ အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ် ၂၁ လ ချမှတ်ခံရခြင်းအပေါ် စပိန်တရားရုံးချုပ်ထံ မက်ဆီနှင့် ဖခင်ဂျော့တို့၏ အယူခံမှာ ပယ်ချခံရသည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ငါးကြိမ်ရ၊ အသက် ၂၉ နှစ်အရွယ်ဘာစီလိုနာကစားသမားမှာ ၂၀၀၇ နှင့် ၂၀၀၉ အတွင်း အခွန်တိမ်းရှောင်ကြောင်း ပြီးခဲ့သည့်နှစ်ဇူလိုင်က ဘာစီလိုနာတရားရုံးတွင် ပြစ်မှုထင်ရှားမှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို ၂ သန်း ချမှတ်ခံခဲ့ရသည်။

မက်ဆီ၏ဖခင်ဖြစ်သူဂျော့မှာလည်း အလားတူထောင်ဒဏ်နှင့် ယူရို ၁ ဒသမ ၅ သန်း ချမှတ်ခံရသည်။ စပိန်တရားဥပဒေတွင် အမှုကြီးမျိုးမဟုတ်သည့်အပြင် ယခင်ပြစ်မှုဟောင်းလည်းမရှိသည့် နှစ်နှစ်အောက်ထောင်ဒဏ်မှာ ကျခံရန်မလိုအပ်ဟု ပြဌာန်းထားသည်။

မက်ဆီနှင့်ဖခင်ဖြစ်သူသည် ကစားသမားပုံရိပ်အသုံးပြုခွင့်မှရရှိသည့် ဝင်ငွေကို အခွန်ရှောင်တိမ်းရန်အတွက် ကုမ္ပဏီများကို အသုံးချခဲ့ကာ ၂၀၀၇ မှ ၂၀၀၉ အတွင်း ယူရို ၄ ဒသမ ၂ သန်းနီးပါး အခွန်ရှောင်ခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏ဖခင်ဖြစ်သူသည် ကစားသမားပုံရိပ်အသုံးပြုခမှရသည့်ဝင်ငွေများ၏ အခွန်လျော့ကျစေရန် ဥရုဂွေး၊ ဆွစ်ဇာလန်နှင့် ဘယ်လိဇ်တို့မှ ကုမ္ပဏီများကိုအသုံးချခဲ့သည်ဟု အခွန်အရာရှိများက ဖော်ထုတ်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly