ရေဘေးဒဏ်သင့်သူများအတွက် ၈၈မျိုးဆက်နှင့် အနုပညာရှင်များ၊ နိုင်/ကျဉ်းများပေါင်းကာ အလှူငွေ စနစ်တကျကောက်မည်

ရေဘေးဒဏ်သင့်သူများအတွက် ၈၈မျိုးဆက်နှင့် အနုပညာရှင်များ၊ နိုင်/ကျဉ်းများပေါင်းကာ အလှူငွေ စနစ်တကျကောက်မည်
ဓာတ်ပုံ- ၈၈မျိုးဆက်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဘေးဒဏ်သင့်နေသည့် ပြည်သူများအတွက် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးအဖွဲ့အစည်းများ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပူးပေါင်းကာ အလှူငွေ ကောက်ခံရေးကို စနစ်တကျ စီစဉ်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည်။

 သြဂုတ်လ ၁ ရက်၊ ည ၇နာရီခွဲက ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) ရုံးတွင် ယင်းအဖွဲ့အစည်းများ ပူးပေါင်းကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အလှူငွေကောက်ခံရေးကို စနစ်တကျစီစဉ်ပြီး လှည့်လည် ကောက်ခံရန်၊ ရရှိလာသည့် အလှူငွေနှင့် ပစ္စည်းများကို စည်းစနစ်ကျစွာ စီမံခန့်ခွဲပြီး ရေဘေးဒဏ်သင့် ပြည်သူများ၏ လက်ဝယ်အရောက် ထိရောက်စွာ လှူဒါန်းပေးကမ်းနိုင်ရန်၊ ရေပြန်ကျချိန်နောက်ပိုင်း ပြန်လည်ထူထောင်ရေးကိုလည်း တတ်စွမ်းသမျှဆက်လက် ဆောင်ရွက်သွားကြရန်၊ သတင်းအချက်များရယူပြီး ရရှိသည့် သတင်းအချက်အလက်များကို အချင်းချင်းမျှဝေသွားကြရန် နှင့် မိမိတို့ တတ်စွမ်းသည့် အတတ်ပညာများနှင့်လည်း အသီးသီးတာဝန်ယူပြီး ဆောင်ရွက်သွားကြရန် တို့ကို ဆွေးနွေးခဲ့ကြသည်။

၈၈မျိုးဆက်အဖွဲ့က ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ကောက်ခံလျက်ရှိရာ ယနေ့ သြဂုတ် ၂ရက် မွန်းတည့်ချိန်ထိ သိန်း ၁၀၀၃သိန်း ရရှိပြီဟု ၈၈အဖွဲ့က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly