ကင်ဆာရောဂါဝေဒနာ ခံစားနေရသော မင်းသားကင်မ်ဝူးဘင်

ကင်ဆာရောဂါဝေဒနာ ခံစားနေရသော မင်းသားကင်မ်ဝူးဘင်

တောင်ကိုရီးယားနိုင်ငံမှ မင်းသားနှင့်မော်ဒယ်ဖြစ်သူ ကင်မ်ဝူးဘင်ထံတွင် လည်ချောင်းကင်ဆာရောဂါ တွေ့ရှိရ ကြောင်း သူ၏ အေဂျင်စီ Sidus HQ မှ မေလ ၂၄ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

Uncontrollably Fond ဇာတ်လမ်းတွဲ၏ မင်းသားဖြစ်သူ ကင်မ်ဝူးဘင်သည် သူ၏ခန္ဓာကိုယ်၌ နာကျင်မှုကို ခံစား ရသောကြောင့် ဆေးရုံသို့သွားရောက် စစ်ဆေးခဲ့ပြီး ထို့နောက်တွင် သူသည် လည်ချောင်းကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို သိရှိခဲ့ရသည်။

ထိုကင်ဆာရောဂါသည် ရှားပါးသောအမျိုးအစားတစ်ခုဖြစ်ပြီး နှာခေါင်းအနောက်ဘက်ရှိ လည်ချောင်းအပေါ်ပိုင်း တွင် စတင်ဖြစ်ပွားကြောင်း သိရသည်။

“ကံကောင်းစွာနဲ့ပဲ ကင်ဆာရောဂါဟာ အစပိုင်းအဆင့်မှာပဲရှိနေပြီးတော့ သူဟာ ဆေးဝါးကုသမှုတွေနဲ့ ဓာတ်ရောင်ခြည်ကုသမှုတွေကို စတင်ခံယူနေပါတယ်” ဟု အေဂျင်စီက ပြောခဲ့ပြီး   ပြန်လည်သက်သာလာမယ့် အချိန်ထိ အနုပညာလုပ်ငန်းများကို ရပ်နားသွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကင်မ်ဝူးဘင်သည် အနုပညာလောကထဲသို့ မော်ဒယ်တစ်ဦးအနေဖြင့် စတင်ဝင် ရောက်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် မင်းသားလီမင်ဟိုနှင့်အတူ နာမည်ကြီး ဇာတ်လမ်းတွဲ The Heirs ထဲ၌ ပါဝင် သရုပ်ဆောင်ခဲ့သည်။

သူ၏ချစ်သူ နာမည်ကျော်မင်းသမီး ရှင်မင်းအာက သူမသည် ကင်မ်ဝူးဘင်ဆေးကုသမှု ခံယူနေစဉ် တစ်လျှောက်လုံး သူ့အနားတွင် အားပေးနေထိုင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Ref: Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly