မိုးသီးနှံ အချိန်​မီစိုက်​ပျိုးနိုင်​​ရေးအတွက်​ ​ တောင်​သူများအား ချေးငွေထုတ်ပေး

မိုးသီးနှံ အချိန်​မီစိုက်​ပျိုးနိုင်​​ရေးအတွက်​ ​ တောင်​သူများအား ချေးငွေထုတ်ပေး

မင်းဘူး မေ ၂၄ ။          ။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ မင်းဘူးမြို့နယ်အတွင်းရှိတောင်သူများ မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်   ချေးငွေများကို မေလ ၂၃ ရက် နေ့မှ စတင်ကာ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ထုတ်ချေးရာတွင် ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၆၇ )အုပ်စု၊ စုစုပေါင်းဧက (၆၁၂၅၀) အတွက် ချေးငွေကျပ်သိန်းပေါင်း (၅၈၁၂၅) သိန်း ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဦးစိုးမင်းဝင်းက ပြောသည်။

ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးစရိတ်ကာမိစေရေးအတွက် အခြားသီနှံစိုက်ပျိုးသည့် တောင်သူများအား ယခင်နှစ်က တစ်ဧကလျှင် ၂၀၀၀၀ ကျပ် ထုတ်ချေးပေးရာမှ ယခုနှစ်တွင် ငွေကျပ် (၅၀၀၀၀) တိုးမြှင့်၍ ထုတ်ချေးထားကြောင်းသိရပါသည်။

ချေးငွေ ထုတ်ချေးမှုဆောင်ရွက်ရာတွင် မေလ၂၃ ရက်နေ့၌ အစောဆုံး ပြေကျေစွာ ပေးဆပ်နိုင်သည့် မင်းဘူး(၄) မြို့ပေါ်ရပ်ကွက်နှင့် အင်ပင်လှကျေးရွာအုပ်စုရှိ စပါး (၂၆၉)ဧကနှင့် နှမ်း (၁၂၅၀)ဧက အတွက် ချေးငွေပေါင်းကျပ် သိန်း(၁၀၂၈.၅၀)စတင်ထုတ်ချေးခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly