ကိုယ်ပိုင်အားသာချက်ကို ဖွင့်ဟသွားကြတဲ့ လူငယ်များ

ကိုယ်ပိုင်အားသာချက်ကို ဖွင့်ဟသွားကြတဲ့ လူငယ်များ
 

ဟိုင်း ကျွန်တေ်ာနေပိုင်ပါ။ လူတိုင်းလူတိုင်းမှာ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ အဲဒီအားသာချက်တွေက ဘာဖြစ်မလဲဆိုတာကို ကျွန်တော်ရဲ့ သူူငယ်ချင်းတွေကို အခုပဲ လိုက်မေးကြည့်လိုက်ပါဦးမယ်။

 

 

 

ကိုယ်အမိုက်ဆုံးလို့ထင်တာကတော့ ကိုယ့်ရဲ့ Function ပေါ့။ ဝတ်တတ်တယ်၊ စားတတ်တယ် အဲလိုတော့ထင်ပါတယ်။ ဒါ ကိုယ့်ရဲ့ အားသာချက်လို့ ထင်တဲ့အရာတွေပါ။

 

 

 

ကျွန်တော်ကတော့ ဘောလုံးလောကမှာ ပိုပြီးတော့ အားသာတယ်ပေါ့။ ကျွန်တေ်ာတို့ တော်တယ်ဆိုတာက ကျွန်တော်တို့ရွာမှာ ကစားရင်းနဲ့ ရွာထဲကလူတွေက ပြောကြတာပါ။

 

 

 

ညီမလေးရဲ့အားသာချက်ကတော့ အလုပ်ပေါ့။ အလုပ်ပေါ်မှာ ညီမလေးက စကားနည်းနည်းသွက်တော့ Marketing ပိုင်းမှာ ပိုပြီးတော့ အဆင်ပြေတယ်။

 

 

 

ညီမရဲ့အားသာချက်ကတော့ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါကျရင် စကားပြောကောင်းတယ်ပေါ့နော်။

 

 

 

 

ကျွန်တော်ရဲ့အားသာချက်ကတော့ စကားပြောတဲ့အခါမှာ အဆင်ပြေတဲ့အတွက် Marketing လုပ်ရာမှာ အားသာပါတယ်။ Marketing လုပ်ငန်းမှာ စကားပြောတာ အဆင်ပြေတဲ့အတွက် ကျွန်တော်ရဲ့အားသာချက်က Marketing လုပ်တာပါပဲခင်ဗျာ။

 

 

 

ကျွန်တော်ရဲ့အားသာချက်ကတော့ ကျွန်တော် Fashion တွေက မိုက်ပါတယ်။ သူငယ်ချင်းတွေကလည်းပြောကြတယ် မင်းဒီလိုပုံစံမျိုးဝတ်တာ အရမ်းမိုက်တယ်။

 

 

 

ကျွန်တော်ရဲ့အားသာချက်ကို ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဘယ်သူနဲ့ ပေါင်းသင်းပေါင်းသင်း တော်ကီပိုင်းဆိုင်ရာမှာ ရေရေလည်လည် ကျွမ်းတယ် အဲဒါက ကျွန်တော်ရဲ့ အားသာချက်ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြတာပါ။

 

 

 

ကျွန်တော်အားသာချက်ကတော့ ဘောလုံးကန်တာပေါ့။ သူငယ်ချင်းတွေကတော့ ဘောလုံးကန်ရင် လာလာခေါ်ပြီးတော့ ရှေ့တန်းတိုက်စစ်တော့ မဟုတ်ဘူး။ နောက်တန်းမှာ အမြဲတမ်းနေခိုင်းတယ်။

 

 

 

ကျွန်တော်ရဲ့သူငယ်ချင်းတွေကတော့ သူတို့ရဲ့အားသာချက်တွေကို အခုလိုပဲ ပြောပြပေးသွားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly