ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ကလေးများအရေးကို ဦးစားပေးဆောင်ရွက်ရန် ယူနီဆက်တိုက်တွန်း

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ကလေးများအရေးကို ဦးစားပေးဆောင်ရွက်ရန် ယူနီဆက်တိုက်တွန်း

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ကလေးများအရေးကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ရန် သြဂုတ် ၁ ရက်က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) ၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ကိုယ်စားလှယ် ဘာထရန်ဘာအင်ဗယ်က နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့၏ မူဝါဒလုပ်ငန်းစဉ်များတွင် ကလေးများအရေးကို ဦးစားပေးခြင်းဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျုဟာကို ချမှတ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် အာဆီယံသတ်မှတ်ချက်များပြည့်မီအောင် ဆောင်ရွက်ရာတွင် ကလေးများ၏ဘဝအပေါ် များစွာ အထောက်အပံ့ဖြစ်စေပြီး နိုင်ငံ၏ အနာဂတ်ကို အကျိုးဖြစ်ထွန်းလာစေနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံမှ ကလေးသန်းပေါင်းများစွာသည်လည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများမှဖြစ်ပြီး အခွင့်အလမ်းများ နည်းပါးလျက်ရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပါက ကလေးများအတွက် လူမှုရေးရန်ပုံငွေ ပိုမိုသုံးစွဲရန် ယူနီဆက်နှင့်အတူ ကလေးသူငယ်များအခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ (NCRWG) က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags