၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ၌ ရုရှားတို့နှောင့်ယှက်ခဲ့ဟု စီအိုင်အေဒါရိုက်တာဟောင်း လွှတ်တော်သို့ပြော

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ၌ ရုရှားတို့နှောင့်ယှက်ခဲ့ဟု စီအိုင်အေဒါရိုက်တာဟောင်း လွှတ်တော်သို့ပြော

ဝါရှင်တန် မေ ၂၄ ။               ။ စီအိုင်အေဒါရိုက်တာဟောင်းဖြစ်သူ ဂျွန်ဘရန်နန်က ရုရှားတို့သည် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့သော ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနှေင့်အယှက်ပေးခဲ့ကြောင်း အင်္ဂါနေ့ တွင် ဥပဒေပြုလွှတ်တော်သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သော ဘရန်နန်က ရုရှားတို့သည် ရွေးကောက်ပွဲ၌ မျက်နှာပြောင်တိုက်၍ နှောင့်ယှက်ခဲ့ကြောင်း လွှတ်တော် စုံစမ်းထောက်လှမ်းရေး ကောင်မတီ အား ပြောကြားခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲ၌ ဒီမိုကရက်တို့ဘက်မှ ဟီလာရီကလင်တန်ကို အနိုင်ရရှိခဲ့ပြီး ထို့နောက်တွင် အီးမေးလ် ပေါက်ကြားမှုများရှိခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့သည်။

ဘရန်နန်က သူသည် ထိုကိစ္စနှင့်ပက်သက်၍ ရုရှားတို့အား သတိပေးခဲ့သော အမေရိကန်အရာရှိများထဲမှ တစ်ဦးဖြစ်ပြီး ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ အလက်ဇန္ဒားဘော့နီကော့ဗ်ထံသို့ တိုက်ရိုက် ပြောကြားခဲ့ကာ သမ္မတပူတင်ထံသို့ တင်ပြပေးမည်ဟု သူ့ကိုအကြောင်းပြန်ခဲ့ကြောင်း ပြောခဲ့သည်။

ဘရန်နန်က သူရာထူးမှထွက်ခွာခဲ့ချိန်တွင် “ ရုရှားတို့ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကိစ္စများထဲမှာ ပါဝင်ခဲ့သလား ဆိုတာနဲ့ ပက်သက်လို့ ကျနော့်ခေါင်းထဲမှာ ဖြေရှင်းလို့မရတဲ့ မေးခွန်းတွေရှိနေခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ထရမ့်၏အဖွဲ့နှင့် ရုရှားတို့ကြားတွင် ပူးပေါင်းပြီး ညှိုထားသည့် ကိစ္စများရှိသလားဆိုတာကို ပြသရန် သူ့ထံတွင် လုံလောက်တဲ့ သက်သေများမရရှိခဲ့ကြောင်း စီအိုင်အေဒါရိုက်တာဟောင်းက ဥပဒေသမားများအား ပြောခဲ့ သည်။

“ပူးပေါင်းကြံစည်ပြီး ညှိုနှိုင်းထားသလားလို့ ကျနော့်ခေါင်းထဲမှာ တွေးမိလောက်တဲ့အထိ အပြန်အလှန်အကျိုးပြု မှုတွေကို ကျနော်တွေ့ခဲ့ရပါတယ်” ဟု ဘရန်နန်က ပြောခဲ့သည်။

ဒါ့အပြင် ထိုကိစ္စကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် FBI ကို ခွင့်ပြုမိန့်ထုတ်ပေးဖို့အထိ အခြေအနေများ ရှိခဲ့ကြောင်း သူကဆက်ပြောခဲ့သည်။

“သို့သော်လည်း အမေရိကန်ဘက်ကသူတွေနဲ့ ရုရှားအရာရှိတွေကြားမှာ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သလား ဆိုတာကို ဗြူရိုက စုံစမ်းပြီး ဆုံးဖြတ်နိုင်ဖို့အတွက် ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တွေနဲ့ ထောက်လှမ်းမှုတွေ လိုအပ်တယ်ဆိုတာကို ကျနော်သိပါတယ်” ဟု စီအိုင်အေ အကြီးအကဲဟောင်းက ပြောခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly