အာစင်ဝင်းဂါးအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖာဂူဆန်ပြော

အာစင်ဝင်းဂါးအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖာဂူဆန်ပြော

မေ ၂၃၊ အင်္ဂလန် ။           ။ မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က သူ၏ ပြိုင်ဘက်ဟောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောဆိုလိုက်သည်။

ထို့အပြင် ဖာဂူဆန်က အာစင်ဝင်းဂါးကို ထုတ်ပယ်လိုက်ခြင်းကြောင့် အာဆင်နယ်အသင်းအနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများထက် နှစ်ဆပိုပြီး အခက်ကြုံရလိမ့်မည်ဟု   ပြောဆိုလိုက်သည်။

‘ကျွန်တော် အာစင်ဝင်းဂါးအတွက် ဝမ်းနည်းမိပါတယ်။ ဝင်းဂါးထုတ်ပယ်ခံရလိမ့်မယ်လို့လည်း မမျှော်လင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို ဒီလိုတည်ငြိမ်တဲ့အခြေအနေရောက်အောင် ပြုလုပ်ပေးခဲ့တဲ့သူဖြစ်လို့ပါ။

ဖောရက်စ်အသင်းအတွက် ဘရိုင်ယန်ကလော့ လုပ်ပေးခဲ့သလိုနဲ့ မန်ယူအသင်းအတွက် ကျွန်တော်လုပ်ပေးခဲ့သလိုတွေပေါ့။ အာစင်ဝင်းဂါးကို ရာထူးကထုတ်ပယ်လိုက်ရင်  အောင်မြင်မှုရမယ် ဆိုတာကတော့  ယုတ္တိမတန်ပါဘူး။ ဒါပေမဲ့ ကျွန်တော်၊ ဘရိုင်ယန်ကလော့ပ်နဲ့အာစင်ဝင်းဂါးတို့က အသင်းမှာ ကာလကြာရှည်နေပြီး အောင်မြင်မှုတွေရယူပေးခဲ့တယ်ဆိုတာကတော့ ယုတ္တိတန်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဖာဂူဆန်သည် မန်ယူအသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ လုံး အပါအဝင်၊ ချန်ပီယံလိဂ်ဖလား ၂ လုံး ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။

၁၉၉၆ ခုနှစ်က အာဆင်နယ်အသင်းသို့ အာစင်ဝင်းဂါးစတင်ရောက်ရှိလာချိန်တွင် ဖာဂူဆန်ကို အဓိကပြိုင်ဘက်အဖြစ် စိန်ခေါ်နိုင်ခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ဖက်များ ဖြစ်ခဲ့ကြသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly