ထရမ့်၏ အလည်အပတ်ခရီးစဉ်အပြီး ဆော်ဒီ၊ အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုမြင့်မား

ထရမ့်၏ အလည်အပတ်ခရီးစဉ်အပြီး ဆော်ဒီ၊ အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုမြင့်မား

တီဟီရန်၊ မေ ၂၂ ။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထီးကျန်နိုင်ငံ အီရန်အပေါ် နောက်ဆုံးလုပ်ဆောင်လိုက်ချက်ကြောင့် နှစ်နိုင်ငံကြားက အက်ကြောင်းကို ပို၍ နက်ရှိုင်းစေခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံထံမှ ရေနံနှင့် ဒေါ်လာ ညှစ်ယူနေသည်ဟု အမေရိကန်ကို အီရန်နိုင်ငံက ပုတ်ခတ်ပြောဆိုမှု ရှိနေရာတွင် ဒေသတွင်း ၎င်း၏ပြိုင်ဖက် ဆော်ဒီနိုင်ငံထံသို့ သမ္မတ ထရမ့်က ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရွေးချယ်သွားရောက်လိုက်ခြင်းက အီရန်အတွက် အရှိုက်ထိစေသည်။

ထရမ့်၏ ပထမဆုံးတရားဝင်နိုင်ငံခြားခရီးစဉ် ဆော်ဒီသို့ သွားရောက်လိုက်ခြင်းသည် ၎င်းတို့အစိုးရ၏ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အပေါ် မလိုလားမုန်းတီးမှုကိုလည်း ထင်ဟပ်ပြနေခြင်းဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်က ဆော်ဒီနှင့် အမေရိကန်ဒေါ်လာ ၃၈၀ ဘီလီယံဖိုးရှိ သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ရာတွင် ဒေါ်လာ ၁၁၀ ဘီလီယံဖိုး လက်နက်ရောင်းချရေး သဘောတူညီမှုလည်း ပါဝင်သည်။

ထိုသဘောတူညီမှုများသည် ယီမင်၊ အီရတ်နှင့် ဆီးရီးယားကဲ့သို့သော ဒေသတွင်းပဋိပက္ခများကို ဖြေရှင်းရေးအတွက် နည်းလမ်းရှာဖွေကြခြင်းလည်းဖြစ်သည်။

အဆိုပါပဋိပက္ခများအား ကိုယ်စီပါဝင်ဖြေရှင်းကြရာတွင် ဆော်ဒီနှင့် အီရန်အနေဖြင့် ဆန့်ကျင်ဖက်ရပ်တည်လျက်ရှိနေသည့် နှစ်နိုင်ငံလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly