အမ်း-မအီဂိတ်တွင် ဘင်္ဂါလီ ၉ ဦး ဖမ်းမိ

အမ်း-မအီဂိတ်တွင် ဘင်္ဂါလီ ၉ ဦး ဖမ်းမိ
ဓါတ်ပုံ - ပြည်ချစ်/RiA

အမ်း၊ မေ ၂၂ ရက် ။              ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-မအီဂိတ်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ သွားသည့် ဘင်္ဂါလီ ၉ ဦးအား မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းကားတစ်စီးအား ဆီးရမိပုံမှာ ကျောက်တော်မှ ရန်ကုန်သို့မောင်းနှင်လာသော Toyota Crown အမ်းဂိတ်အနီးတွင် ရဲက စစ်ဆေးရာ ထွက်ပြေးလွတ်မြောက်သွားပြီး မအီစစ်ေ
ဆးရေးဂိတ်အနီး မိုင်တိုင်အမှတ် ၁ မိုင်/ ၅ ဖာလုံ တွင် မျိုးချစ်သူ ခရီးသည်ပို့ဆောင်ရေးယဉ်လိုင်းမှ ကားတစ်စီဖြင့် ကားတိုက်မှုဖြစ်ပြီး ပြန်လည်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားထဲမှာ ဘင်္ဂါလီ ၆ ဦးပါတယ်။ ယောင်္ကျားက ၅ ယောက်၊ မိန်းမ ၁ ယောက်ပါတယ်။ ၆ ဦးကို အမ်း-မအီ ကားလမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ဖမ်းမိပါတယ်။ ကျန်သူ ၃ ယောက်ကိုတော့ ညနေဘက်မှ တောထဲမှာသီးသန့် ဖမ်းမိတာပါ။ ကျောက်တော်မြို့နယ်က ၆ ဦးနဲ့ မင်းပြားနယ်က ၃ ဦးဖြစ်ပါတယ်။ ဘင်္ဂါလီတွေကို တင်ဆောင်လာတဲ့ ကားမောင်းသူနဲ့ ယာဉ်တိုက်မှုဖြစ်သူကိုပါ ကျွန်တော်တို့အရေးယူထားပါတယ်။”ဟု အမ်းမြို့မစခန်းမှူး ဒုရဲမှူးသောင်းကြွယ်က ပြောသည်။

ကားတိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဘင်္ဂလီ ၆ ဦး ဖမ်းမိခဲ့ကာ ကျန် ၃ယောက်ကို ညနေဖက် ကင်းလှည့်လာတုန်း တောထဲတွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အမ်းစခန်းမှူး သောင်းကြွယ်က ပြောသည်။

“ဘင်္ဂလီတွေကို ခေါ်လာတဲ့သူတွေက နေပြည်တော် ပုဗ္ပသီရိမြို့နယ်ကပါ။ မောင်ခန့်ထည်ဝါ အသက် (၁၉)နှစ်နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က မောင်ဇော်မျိုးထက် အသက် (၂၁)နှစ်တို့ဖြစ်သည်။ သူတို့ကို အမ်းစခန်းမှာ အမှုဖွင့်တရားစွဲဖို့လုပ်ထားပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ အရ ယာဉ် (ပ) ၁၂/၂၀၁၇ ဖြင့် အမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဒုရဲမှူး သောင်းကြွယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly