အရည်အသွေးမြင့် ကညင်သစ်လုံးကြီး ၁၂ တုံး စစ်ကိုင်းတွင်ဖမ်းမိ

အရည်အသွေးမြင့် ကညင်သစ်လုံးကြီး ၁၂ တုံး စစ်ကိုင်းတွင်ဖမ်းမိ
ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ မေလ ၂၂ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ရေချမ်းစင်နှင့် သံလမ်းဘေး၊ နှောတန်းဘုရားကုန်းအနီး၊ နှောတန်း ရေဆိပ်အနီးနှင့် ၇ မိုင်မဟာဓါတ်အားလိုင်းအနီးနေရာတို့မှ တရားမဝင်ခုတ်ထားသည့် အရည်အသွေးမြင့် ကညင်သစ်တုံးကြီး ၁၂ တုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ မေလ ၂၂ ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ကသာမြို့နယ် ဦးစီးအရာရှိခေါင်းဆောင်သော သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၂၁ ရက်နေ့တွင် တရားမဝင် သစ်ခိုးယူထုတ်လုပ်မှုများအား ရှာဖွေဖမ်း ဆီးနေရာ ကသာမြို့နယ်၊ ရေချမ်းစင်နှင့်သံလမ်းဘေး၊ နှောတန်းဘုရားကုန်းအနီး၊ နှောတန်း ရေဆိပ်အနီးနှင့် ၇ မိုင်မဟာဓါတ်အားလိုင်းအနီးနေရာတို့မှ တရားမဝင်ခုတ်ထားသည့် အရည်အသွေးမြင့် ကညင်သစ်လုံးကြီး ၁၂ တုံး (၁၉.၆၂၆) တန်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကညင်သစ်လုံးများကို တရားမဝင်ခုတ်ယူခဲ့သည့် သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly