Myint & Associates Offshore ရဲ့ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း(ငရုတ်ကောင်း) တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

Myint & Associates Offshore ရဲ့ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း(ငရုတ်ကောင်း) တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု
M&AOSBက တည်ဆောက်မည့် ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းပုံစံကြမ်းအား  ကုန်းတွင်းဘက်မှ တွေ့မြင်ရပုံ။ (ဓာတ်ပုံ-M&AOSB)

Myint & Associates Offshore Supply Base Ltd. (M&AOSB)၏ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း (ငရုတ်ကောင်း) တည်ဆောက်ရန် အဆိုပြုချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က   မေ ၂၀ရက်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ကမ်းလွန်ရေနံလုပ်ကွက်များအတွက် ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နံ့သာပုကျေးရွာအုပ်စုရှိ ကုမ္ပဏီပိုင်မြေဧက (၃၀) တွင်တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါတည်ဆောက်ရေးကို M&AOSB သည် MPRL E&P Group of Companies ၏ ဦးဆောင်ကုမ္ပဏီဖြစ်သော MPRL E&P Pte Ltd. နှင့် အခြးအဖွဲ့ဝင်ကုမ္ပဏီများဖြစ်သည့် Myint & Association Co., Ltd. (M&A) ၊ Myanmar Petroleum Exploration & Production Co., Ltd. (MPEP) တို့မှပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုလုပ်ဆောင်သွားမည့် လုပ်ငန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၄၂) မျိုးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများတွင် ပါဝင်သည်။

ယခုအခါ M&AOSB မှရင်းနှီးမြှုပ်နှံခွင့် ကာလနှစ်(၃၀) ရရှိထားပြီးဖြစ်သည်။ ၎င်းစီမံကိန်းတစ်ခုလုံးအတွက်လည်း ကျပ်(၅၀) ဘီလီယံခန့်ရင်းနှီးမြှုပ်နှံသွားရန် လျာထားပြီးဖြစ်သည်။

စီမံကိန်း၏ အချိန်းဇယားအရပထမဦးဆုံးအနေနှင့် ၂၀၁၇ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း တွင် အဆိုပြုလုပ်ငန်းမြေနေရာကို ပြုပြင်ခြင်းနှင့် ESIA အပါအဝင် Front End Engineering လုပ်ငန်းဆိုင်ရာ အသေးစိတ်အခြေအနေများကို ဆန်းစစ်လေ့လာမှုပြုလုက်သွားမည်ဟု သိရသည်။

ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ သတ်မှတ်ကာလအပိုင်းများအလိုက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နိုင်ငံတော်မှ M&AOSB ၏ လက်ရှိလုပ်ငန်းစီမံကိန်း၏ ပထမ (၁၀) နှစ် အတွင်းတွင် ဘဏ္ဍာရေးဆိုင်ရာအကျိုးကျေးဇူးအဖြစ် ကျပ် (၂၅) ဘီလီယံကျော်ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

ထို့အပြင် ဒေသတွင်းအလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊ ဒေသနေပြည်သူများ အပါအဝင် မြန်မာနိုင်ငံသားများအတွက် နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံများရရှိခြင်း၊ အစိုးရအပါအဝင် ကမ်းလွန်ရေနံ ရှာဖွေတူးဖော်ရေး Operator ကုမ္ပဏီများအတွက် အချိန်နှင့် ကုန်ကျစရိတ်သက်သာစေခြင်း၊ နိုင်ငံတော်နှင့် သက်ဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးမားစွာ အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများလည်း ရှိစေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags