ဘန်ကောက်စစ်ဆေးရုံ၌ ဗုံးပေါက်ကွဲမှုကြောင့် ၂၄ဦးခန့် ဒဏ်ရာရရှိ

ဘန်ကောက်စစ်ဆေးရုံ၌ ဗုံးပေါက်ကွဲမှုကြောင့် ၂၄ဦးခန့် ဒဏ်ရာရရှိ

ထိုင်းစစ်တပ်မှ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေသော ထိုင်းနိုင်ငံကို အာဏာသိမ်းသည့် ၃နှစ်မြောက်နေ့တွင် ဘန်ကောက်မြို့ရှိ စစ်ဆေးရုံ၌ ဗုံးအသေးစားတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၂၀ကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္လာနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကနဦးရရှိတဲ့ သတင်းတင်ပြချက်တွေအရ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၂၀ကျော်ခန့် ရှိပါတယ်” ဟု နိုင်ငံတော်ရဲတပ်ဖွဲ့မှ လက်ထောက်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဆရီဝါရာရန်စီဘရာမာနာ ကူလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ ဗုံးဟာ အထုပ်တစ်ထုပ်ထဲမှာ ရှိနေပုံရပါတယ်” ဟု ဆရီဝါရာက ပြောခဲ့ပြီး ဖာရာထိုင်းခရိုင် မောင်န်ကွတ်ခ်ဘုရင့် ဆေးရုံရှိ အခင်းဖြစ်ပွားရာနေရာ၌ ဘတ်ထရီ နှင့် ဝိုင်ယာကြိုးများကို တွေ့ရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသတွင်းမီဒီယာများက ဗုံးတစ်လုံးသည် ဆေးရုံရှိ ဆေးစပ်ခန်းထဲ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကော်ရစ်ဒါတစ် လျှောက် မီးခိုးလုံးများ ပျံ့နှံ့သွားခဲ့ကာ ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရသော်လည်း အသေးစားဒဏ်ရာရရှိသူများသာ ရှိခဲ့ကြောင်း ပြောခဲ့သည်။

ဆေးရုံမှလူများကို အရေးပေါ် နေရာပြောင်းရွှေ့ပေးမှု မလုပ်ခဲ့ရသလို အာရာဝမ် ကယ်ဆယ်ရေးစင်တာမှ အရေးပေါ်ကုသရေး ဝန်ထမ်းများ၏အဆိုအရ ဒဏ်ရာရရှိသူ ၂၄ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောခဲ့သည်။

မကြာသေးခင် ရက်သတ္တပတ်များက ဖြစ်ပွားခဲ့သော သီးခြားပေါက်ကွဲမှု ၂ခုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိရ သူများအား ရဲတပ်ဖွဲ့က ရှာဖွေနေလျက်ရှိသော်လည်း ဖောက်ခွဲမှုနှင့် သံသယရရှိသူများနှင့် ပက်သက်ပြီး အငြင်း ပွားဖွယ်ရာ အချက်အလက်များကိုသာ လူထုထံပေးခဲ့သည်။

ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၂၀၁၄ခုနှစ် မေလ ၂၂ရက်နေ့က စစ်အာဏာသိမ်းခဲ့မှုကြောင့် နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ အတိုင်းသားပေါ်ပေါက်ခဲ့သော်လည်း လုံခြုံရေးအာဏာများကို အကြွင်းမဲ့ ထိန်းချုပ် ထားသော စစ်တပ်ကြောင့် ရေငုံနှုတ်ပိတ်နေလျက်ရှိကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly