အီရန်ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ရိုဟာနီ ပြန်လည်တင်မြှောက်ခံရ

အီရန်ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ရိုဟာနီ ပြန်လည်တင်မြှောက်ခံရ

တီဟီရန်၊ မေ ၂၀ ။            ။ အီရန်သမ္မတ ရွေးကောက်ပွဲ မေ ၂၀ မဲရလဒ်တွင် လက်ရှိသမ္မတ ဟတ်ဆန်ရိုဟာနီက ပြန်လည်ရွေးကောက်ခံရသည်။

နိုင်ငံခြားအဆက်အဆံ ပြန်လည်တည်ဆောက်ရေးနှင့် ရုန်းကန်နေရသည့် စီးပွားရေး ပြန်လည်မတင်ရေး ၎င်း၏ ကြိုးပမ်းမှုများကို မဲပေးသူများက ထောက်ခံလိုက်ခြင်းပင်ဖြစ်သည်။

နိုင်ငံပိုင်ရုပ်သံတွင် ပြည်ထဲရေးဝန်ကြီး ရက်မန်နီဖာဇလီက မဲရလဒ်ကို အတည်ပြု ကြေညာသည်။ ရိုဟာနီက မဲပေါင်း ၂၃ ဒဿမ ၅ သန်းရရှိကာ ရာနှုန်းအားဖြင့် ၅၇ ရာခိုင်နှုန်းဖြင့် အမာခံယှဉ်ပြိုင်သူ မဲ ၁၅ ဒဿမ ၈ သန်းဖြင့် ၃၈ ဒဿမ ၃ ရာခိုင်နှုန်းသာ ရရှိသော အီဘရာဟမ်ရိုင်ဆီအား အနိုင်ရသွားခြင်းဖြစ်သည်။

မဲ ၁၉ ရက်က မဲရုံများတွင် မဲပေးသူဦးရေသည် ၇၃ ရာခိုင်နှုန်းအထိ များများပြားပြားရှိခဲ့ပြီး အာဏာပိုင်များက မဲပေးချိန်ကို နာရီအတန်ကြာ ထပ်မံတိုးမြှင့်ခဲ့ရသည်။

“အီရန်နိုင်ငံရဲ့ ကြီးစွာသော အောင်ပွဲအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဉာဏ်ပညာနဲ့အတူ မျှော်လင့်ချက်အရ ဆက်လက်လုပ်ဆောင်သွားနိုင်ရေးအတွက် ကြီးမားတဲ့မော်ကွန်းတစ်ရပ် ရေးထိုးလိုက်တာပဲဖြစ်ပါတယ်။”ဟု ဒုတိယသမ္မတ ဂျာဟန်ဂီရီက တွစ်တာတွင် ရေးသားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ၂၀၁၅ နျူကလီးယားသဘောတူညီမှုကို ဖော်ဆောင်နိုင်ခဲ့သည့် အလယ်အလတ်လမ်းစဉ်ဝါဒီ အသက် ၆၈ နှစ်ရှိ ရိုဟာနီသည် ယခုရွေးကောက်ပွဲအား ပြည်သူ့လွတ်လပ်မှုနှင့် အစွန်းရောက်ဝါဒီကြား ရွေးချယ်မှုအဖြစ် ပုံဖော်ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly