ဗင်နီဇွဲလား စူပါမားကက်များတွင် လုယက်မှုဖြစ်ပွား တစ်ဦးသေ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း

ဗင်နီဇွဲလား စူပါမားကက်များတွင် လုယက်မှုဖြစ်ပွား တစ်ဦးသေ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်း

ကာရာကက်၊ သြဂုတ်၁ ။        ။ စီးပွားရေးကျဆင်းမှုကြောင့် အစားအစာပြတ်လပ်မှုများ ကြုံတွေ့နေရသော အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံတွင် အရှေ့တောင်ပိုင်းရှိ စီယူဒက်ဂွာယာနာမြို့ရှိ စူပါမားကက် များတွင် လုယက်မှုများဖြစ်ပွားပြီးနောက် လူတစ်ဦးသေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၃၁တွင် ပြောကြားခဲ့သည်။

နို့၊ ဆန်နှင့် ဂျုံမှုန့်ကဲ့သို့ လိုချင်သူများသော စားသုံးကုန်များကို ရယူရန်ကြိုးပမ်းသော ဈေးဝယ်သူများသည် ဇူလိုင် ၃၁နံနက်က စူပါမားကက်တစ်ခု၏ သိုလှောင်ရုံတစ်ခုကို ဖောက်ထွင်းဝင်ရောက်ခဲ့ရာ အဆို ပါဒေသရှိ စီးပွားရေးလုပ်ငန်းများမှာ ၎င်းတို့၏တံခါးများကို ပိတ်ပစ်ခဲ့ရသည်ဟု ပြည်တွင်းသတင်းစာတစ်ခုဖြစ်သည့် Correo del Caroni ကဖော်ပြခဲ့သည်။

အာဏာရဆိုရှယ်လစ်ပါတီမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖရန်စစ္စကိုရိန်းဂျဲလ်ကမူ လုယက်မှုမှာ နိုင်ငံရေးအရတွန်းအားပေးမှုသာဖြစ်သည်ဟု ပြောကြားသည်။ "လက်နက်ကိုင်ထားတဲ့ မော်တော်ဆိုင်ကယ် စီးသူတစ်စုရောက်လာပြီးပြောတယ်။ သူတို့စူပါမားကက်တချို့ကိုလုယက်မယ်လို့ဆိုသည်။ ဒါဟာ သူ့အလိုလိုဖြစ်တာမဟုတ်ပါဘူး။

နိုင်ငံရေးတွန်းအားပေးမှုအရဖြစ်တယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲပါတယ်"ဟု ဗင်နီဇွဲလားရုပ်သံ Globovision သို့ပြောကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ဂတ်စတာဗိုပါတီနက်ဇ် ဆိုသူမှာ ရင်ဘတ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး လူ၆၀ခန့်ကို ထိန်းသိမ်းထားသည်ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။

အနီးအနားရှိ ဆိုင်များမှာလည်း ပိတ်ထား သို့မဟုတ် အမျိုးသားအစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့က စောင့်ရှောက်နေရသည်။ ရေနံဈေးများကျဆင်းခြင်း၊ ဈေးနှုန်များမထိန်းချုပ်နိုင်ခြင်းတို့ကြောင့် စီးပွားရေးကျဆင်း ကာစားသုံးကုန်များပြတ် လပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly