အက်​သလက်​တီကိုအသင်း​သို့​ပြောင်​းရန်​ လိုင်ယွန်တိုက်စစ်မှူးလာကာဇက်​တီသ​ဘောတူ

အက်​သလက်​တီကိုအသင်း​သို့​ပြောင်​းရန်​ လိုင်ယွန်တိုက်စစ်မှူးလာကာဇက်​တီသ​ဘောတူ

မေ ၂၁၊ လိုင်ယွန်။            ။ လာကာဇက်တီသည် အက်သလက်တီကိုအသင်းနှင့် နှုတ်အားဖြင့်သဘောတူညီမှုရသွားပြီဟု လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းမိုက်ကယ်အူလက်က ထုတ်ပြောသည်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးကလည်း လိုင်ယွန်အသင်းမှထွက်တော့မည်ဖြစ်ကြောင်း၊ အက်သလက်တီကိုအသင်းနှင့် စကားပြောနေကြောင်းနှင့် ဂရစ်ဇ်မန်းနှင့်တစ်သင်းတည်းဖြစ်လာနိုင်ကြောင်း ယခုတစ်ပတ်တွင်ပြောဆိုထားသည်။

လာကာဇက်တီ၏ အပြောင်းအရွှေ့အပါ်ထင်မြင်ချက်များပေးနေကြခြင်းကို အူလက်ကအဆုံးသတ်လိုက်ခြင်းဖြစ်ပြီး သဘောတူညီမှုရထားပြီးဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း အက်သလက်တီကိုအသင်းမှာ အပြောင်းအရွှေ့ပိတ်ခံထားရခြင်းအပေါ် အားကစားခုံရုံးထံအယူခံဝင်ထားမှုကိုစောင့်ဆိုင်းနေရဆဲဖြစ်၍ အပြောင်းအရွှေ့ကျိန်းသေဖြစ်လာရန် မရေရာသေးပေ။

လူငယ်ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး ဖီဖာ၏ပြစ်ဒဏ်ချခြင်းကိုခံထားရခြင်းဖြစ်ပြီး လာမည့်နွေရာသီတွင်ဖြေလျော့ပေးလိမ့်မည်ဟု မက်ဒရစ်မြို့ခံအသင်းကမျှော်လင့်နေသည်။

''လာကာဇက်တီဟာ အက်သလက်တီကိုနဲ့နှုတ်အားဖြင့်သဘောတူခဲ့ပြီးဖြစ်ပေမယ့် အယူခံကိုစောင့်နေရလို့ အပြောင်းအရွှေ့သေချာပြီလို့ပြောလို့မရသေးပါဘူး။

လာကာဇက်တီက အက်သလက်တီကိုနဲ့သီးသန့်ဆွေးနွေးချင်တယ်ဆိုလို့ ကျွန်တော်တို့ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့အပြောင်းအရွှေ့ပိုင်းကိုတော့ အသင်းဘက်ကလုပ်ပေးမှာပါ''ဟု အူလက်ကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly