အန်​ဘက်​ပီအတွက်​ရီးယဲလ်​အသင်​း၏ ကမ္ဘာ့စံချိန်​တင်​​ကြေးဖြင်​့ ကမ်​းလှမ်​းမှုကို မိုနာကိုအသင်​းပယ်​ချ

အန်​ဘက်​ပီအတွက်​ရီးယဲလ်​အသင်​း၏ ကမ္ဘာ့စံချိန်​တင်​​ကြေးဖြင်​့ ကမ်​းလှမ်​းမှုကို မိုနာကိုအသင်​းပယ်​ချ

မေ ၂၁၊ မိုနာကို ။          ။ အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးအန်ဘက်ပီအတွက် ရီးယဲလ်မက်ဒရစ်၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၃ သန်းဖြင့်ကမ်းလှမ်းမှုကို မိုနာကိုအသင်းကပယ်ချလိုက်သည်ဟု တယ်လီဂရပ်ဖ်သတင်းတွင်ဖော်ပြထားသည်။

ယင်းကမ်းလှမ်းမှုမှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကဖြစ်ပြီး မန်ယူ၏ပေါင်သန်း ၁၀၀ တန်ပေါ့ဂ်ဘာအပြင် စီရော်နယ်ဒို၊ ဘေးလ်တို့ကို ရီးယဲလ်ကပေးခဲ့ရသည့်ဈေးထက် မြင့်မားနေသည်။

ပြင်သစ်ချန်ပီယံအသင်းသည် ကမ္ဘာအနှံ့ကစိတ်ဝင်စားနေသည့် အမ်ဘက်ပီကို လာမည့်နွေတွင်ရောင်းချရန်ထက် စာချုပ်သစ်ချုပ်နိုင်ရန်သာ ကြိုးပမ်းနေသည်။

ယင်းတို့အနေဖြင့် ရောင်းချမည်ဆိုပါကလည်း လာမည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးနွေရာသီမှသာ ရောင်းချဖြစ်ဖွယ်ရှိသည်။

အမ်ဘက်ပီနှင့်ပတ်သက်ပြီးကမ်းလှမ်းလာသည့်အသေးစိတ်အချက်များကို မိုနာကိုအသင်းအမှုဆောင်ချုပ် ဗက်ဆီလ်ယက်ကထုတ်ပြောရန်ငြင်းဆန်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုမှာ လျှို့ဝှက်ဖြစ်သည်ဟု ဆိုသည်။

ကမ်းလှမ်းမှုမှာ လက်ဖျားခါလောက်သည်ဟု သတင်းရစ်မြစ်များကဆိုသော်လည်း ဗက်ဆီလ်ယက်ကမူ ရီးယဲလ်မက်ဒရစ်က ဖြစ်ကြောင်းအတည်ပြုရန် ငြင်းဆန်ခဲ့သည်။

''အမ်ဘက်ပီကိုဆက်ထိန်းထားနိုင်ဖို့ အရာရာကြိုးစားသွားမှာဖြစ်ပြီး အနည်းဆုံးတော့ ကျွန်တော်တို့နဲ့တစ်နှစ်လောက်ထပ်ပြီးရှိနေစေချင်ပါတယ်''ဟု ဗက်ဆီလ်ယက်ကပြောသည်။

Ref; telegraph

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly