“လူသိရှင်ကြား ဖုံုးကွယ်ခြင်း” ဆိုတဲ့ သစ္စာနီရဲ့ တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲ

“လူသိရှင်ကြား ဖုံုးကွယ်ခြင်း” ဆိုတဲ့ သစ္စာနီရဲ့ တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲ

ရန်ကုန်၊ မေ ၂၀ ။            ။ “လူသိရှင်ကြား ဖုံးကွယ်ခြင်း”ဆိုသည့် ကဗျာဆရာ စာရေးဆရာသစ္စာနီ၏ တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲကို ရန်ကုန်မြို့ သံဈေးမှာရှိသည့် Yangon Book Plaza တွင် မေလ ၂၀ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဦးနေဝင်းအကြောင်းကို ရေးစပ်ထားသည့်ကဗျာနှင့် တစ်ခါမှ ပုံနှိပ်ဖော်ပြခြင်းမရှိသေးသည့်ကဗျာတွေကို ဆရာသစ္စာနီက ရွတ်ဆိုခဲ့ပါသည်။

"ထူးထူးခြားခြားကတော့ ဒီမှာက တစ်ခါမှ စက်ဖြင့် ပုံနှိပ်မထားတဲ့ကဗျာလေးတချို့ပေ့ါ။ ရေးစက ကဗျာလေးတွေကို ရှေ့ပိုင်းမှာ နည်းနည်းရွတ်မယ်။ ပြီးသွားရင် Performance နဲ့ တွဲဖက်ထားတာတွေလည်း ပါပါတယ်"ဟု ကဗျာဆရာသစ္စာနီက ပြောသည်။

ကဗျာရွတ်ပွဲတွင်  “ပန်းများသည်အရောင်စုံသော်လည်း ရန်မဖြစ်ကျချေ ”ဆိုသည့် စာသား ပါဝင်သော ပန်းချီကားချပ်များကို  ကျပ် ၃၀၀၀၀ ဖြင့် အမှတ်တရ ရောင်းချခဲ့ပါသည်။ ကဗျာရွတ်ဆိုပွဲဝင်ကြေး အဖြစ် ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်းနှင့် ကဗျာစာပေကို စိတ်ဝင်စားသည့် လူအယောက် ၅၀ ကို  ကန့်သတ်ရောင်းချပေးခြင်း ဖြစ်သည်။ ဦးနေဝင်းကို ဖုန်းဆက်သည့်သဘောနှင့်ရေးထားသော “နေနှင့်ဖုန်းဆက်ခြင်း ”ကဗျာကို ဆရာသစ္စာနီက ရွတ်ဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် ကဗျာဆရာအောင်ချိမ့်ရဲ့ တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲကိုကျင်းပခဲ့ပြီး Yangon Book Plaza တွင် လစဉ် ကဗျာဆရာကြီးများ၏ တစ်ကိုယ်တော်ကဗျာရွတ်ပွဲများ ပြုလုပ်သွားမယ်ဟု သိရသည်။ ကဗျာဆရာသစ္စာနီ၏ “လူသိရှင်ကြား ဖုံးကွယ်ခြင်း”ဆိုသော တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲကို ကဗျာချစ်သူ အယောက် ၅၀ နှင့် ကဗျာဆရာများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly