ပြည်တွင်းရေးရာ အရှုပ်အထွေးရှိစဉ် ဒေါ်နယ်ထရမ့်က ပထမဆုံးနိုင်ငံခြားခရီးစဉ် ထွက်ခွာ

ပြည်တွင်းရေးရာ အရှုပ်အထွေးရှိစဉ် ဒေါ်နယ်ထရမ့်က ပထမဆုံးနိုင်ငံခြားခရီးစဉ် ထွက်ခွာ

ဝါရှင်တန်ဒီစီ၊ မေ ၂၀ ။                   ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ အထူးအရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ငါးနိုင်ငံခရီးစဉ်ကို စတင်သည်။

သမ္မတနှင့် သမ္မတကတော် မီလာနီယာထရမ့်တို့က မေ ၁၉ ရက် နေ့လည်ပိုင်းတွင် Joint Base Andrews လေဆိပ်တွင် Air Force One လေယာဉ်ပေါ် တက်ရောက်ခဲ့သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ယခင်သမ္မတများနှင့် မတူဘဲ ပထမဆုံးပြည်ပခရီးစဉ်ကို အရှေ့အလယ်ပိုင်းသို့ တစ်မူကွဲစွာ ရွေးချယ်သွားရောက်ခြင်းဖြစ်သည်။ ယခင်သမ္မတ ငါးဆက်စလုံးသည် ၎င်းတို့၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ကနေဒါ သို့မဟုတ် မက္ကဆီကိုသို့ သွားရောက်ကြခြင်းဖြစ်သည်။

ထရမ့်သည် ယခုပြည်ပခရီးစဉ်တွင် ပထမဆုံး ဆော်ဒီအာရေဗျသို့ ဦးစွာဝင်ရောက်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် အစ္စရေး၊ ဗာတီကန်စီးတီးနှင့် ဘယ်ဂျီယမ်သို့ သွားရောက်မည်ဖြစ်သည်။

ယခုကဲ့သို့ ပြည်ပခရီးစဉ်ထွက်ခွာချိန်တွင် သမ္မတထရမ့်အနေဖြင့် ပြည်တွင်းရေး၌ အခြေအတင်ဖြစ်နေသည့် ကြားက ထွက်ခွာသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ၌ ရုရှ ပါဝင်စွက်ဖက်သည်ဆိုကာ သံသယဖြင့် စုံစမ်းစစ်ဆေးနေစဉ်  ထရမ့်က FBI အကြီးအကဲ ဂျိမ်းကိုမီအား ရာထူးက ဖယ်ရှားလိုက်ခြင်းကြောင့် စုံစမ်းစစ်ဆေးမှု တန့်အောင် လုပ်ဆောင်သည်ဟု စွပ်စွဲမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly