ဗဟိုအာဖရိက သမ္မတနိုင်ငံရှိ မွတ်စလင်များ ဘာသာစွန့်လွှတ်ရန် အကျပ်ကိုင်ခံနေရ

ဗဟိုအာဖရိက သမ္မတနိုင်ငံရှိ မွတ်စလင်များ ဘာသာစွန့်လွှတ်ရန် အကျပ်ကိုင်ခံနေရ

လစ်ဘရေဗီးလ်၊ သြဂုတ် ၁ ။         ။ လွန်ခဲ့သည့်နှစ်က မတူညီသည့် လူအသိုင်းအဝိုင်းများကြား အစုလိုက် အပြုံလိုက်သတ်ဖြစ်မှုများ ဖြစ်ပေါ်ပြီးနောက် ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ အနောက်ပိုင်းဒေသ များသို့ ပြန်လာသော မွတ်စလင်အများအပြားမှာ ၎င်းတို့၏ ကိုးကွယ်ရာဘာသာကို စွန့်လွှတ်ရန် ဖိအားပေး ခြိမ်းခြောက်ခံနေရကြောင်း နိုင်ငံတကာလွတ်ငြိမ်းသာခွင့်အဖွဲ့က ဇူလိုင် ၃၁ တွင်ပြောကြား ခဲ့သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ အနောက်ပိုင်းမှ ထွက်ပြေးခဲ့ရသည့် မွတ်စလင်ထောင်ပေါင်းများစွာမှာ ပြန်လည်ရောက်ရှိပြီးနောက် ခရစ်ယာန်နှင့် နတ်ကိုးကွယ်သူ ပြည်သူ့စစ်များက မွတ်စလင်တို့၏ ဘာသာတရားအမှတ်လက္ခဏာအပေါ် ဖိနှိပ်လျက်ရှိသည်ဟု လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု၏ အကျပ်အတည်းဆိုင်ရာ အကြီးတန်းအကြံပေး ဂျုန်းမာရင်နာက ပြောသည်။

၂၀၁၃ခုနှစ် မတ်လက အာဏာသိမ်းမှုတစ်ခုဖြစ်ပြီးနောက် လူထောင်ပေါင်းများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ပြီး ပိုမိုများပြားသည် ထောင်ပေါင်းများစွာသော လူများမှာလည်း အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရသည်။ အဓိကအားဖြင့် မွတ်စလင် ဆေလေကာသူပုန်များ၏ ရက်စက်မှုများကြောင့် ခရစ်ယာန်လူများစုမှ anti-balaka ဟုခေါ်ဆိုသော ခရစ်ယာန်နှင့် နတ်ကိုးကွယ်သူ ပြည်သူ့စစ်များ၏ လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၄ခုနှစ်က သတ်ဖြတ်မှုများကြောင့် အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများဖြစ်ပေါ် ပြီးနောက် နိုင်ငံအနောက်ပိုင်း ကြီးမားသည့်နေရာဒေသများသို့ပြန်လာ ကြသည့် မွတ်စလင်များကို အများပြည်သူကြား ဘာသာရေးဆိုင်ရာလုပ်ဆောင်ခွင့်ကို anti-balaka ပြည်သူ့စစ်များက တားမြစ်ထားသည်ဟု ဆိုသည်။ အချို့မှာ ခြိမ်းခြောက်မှုများဖြင့် ခရစ်ယာန်ဘာသာသို့ အဓမ္မပြောင်းခံရသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly