အီရန်တွင် သမ္မတရွေးကောက်ပွဲများ စတင်ကျင်းပ

အီရန်တွင် သမ္မတရွေးကောက်ပွဲများ စတင်ကျင်းပ

တီဟီရန်၊ မေ ၁၉ ။           ။ အီရန်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ကမ္ဘာနှင့် ပြန်လည်ဝင်ဆံ့မှုတို့ကို ဖော်ဆောင်ပေးနိုင်ဖွယ်ရှိသည့် သမ္မတရွေးကောက်ပွဲအား မေ ၁၉ ရက်တွင် စတင်မဲပေးလျက်ရှိပြီဖြစ်သည်။

ယခုရွေးကောက်ပွဲမဲပေးမှုတွင် လက်ရှိသမ္မတပြုပြင်ပြောင်းလဲရေးဝါဒီ ဟတ်ဆန်ရူဟာနီနှင့် ယှဉ်ပြိုင်သူ ကွန်ဆာဗေးတစ် အီဘရာဟင်ရိုင်စီတို့ကြား အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။

အခြားသမ္မတလောင်းနှစ်ဦးအနေဖြင့်လည်း ကွန်ဆာဗေးတစ် မိုစတာဖာမီဆာလမ်နှင့် ပြုပြင်ပြောင်းလဲရေးဝါဒီ မိုစတာဖာဟာရှီမာတီဘာတို့လည်း ယှဉ်ပြိုင်အရွေးခံကြသော်လည်း ၎င်းတို့နှစ်ဦးအနေဖြင့် မဲရလဒ်အနည်းငယ်သာ ရရှိပြီး အနိုင်ဖို့ မမျှော်လင့်နိုင်ပေ။

ဂရင်းနစ်စံတော်ချိန် ၀၃ နာရီ ၃၀ မိနစ်တွင် စတင်ဖွင့်လှစ်သည့် မြို့များစွာမှ မဲရုံများရှေ့တွင် စဖွင့်ပြီးအချိန်အနည်းငယ်အတွင်းမှာပင် လူတန်းကြီးများ တန်းစီလျက်ရှိနေသည်ကို   နိုင်ငံပိုင်သတင်းဌာနက   ဖော်ပြသည်။ မဲပေးနိုင်သူဦးရေက ၅၆ သန်းခန့်ရှိကြောင်း သိရသည်။

“ခုအရေးကြီးတဲ့ ရွေးကောက်ပွဲမှာ လူတိုင်းမဲပေးသင့်ပါတယ်။ စောစောစီးစီး မဲပေးကြပါ။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြည်သူတွေက ဆုံးဖြတ်ရတာဖြစ်ပါတယ်။”ဟု အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ပြောသည်။

မဲရုံများအနေဖြင့် ဂရင်းနစ်စံတော်ချိန် ၁၃ နာရီ မိနစ် ၃၀ တွင် ပိတ်သည်။ မဲရေတွက်မှုကို ညလယ်တွင် စတင်မည်ဖြစ်ကာ နောက်ဆုံးမဲရလဒ်က မဲရုံများ ပိတ်သိမ်းပြီး ၂၄ နာရီအတွင်း သိရမည်ဖြစ်ကြောင်း အစိုးရအာဘော် Fars သတင်းအေဂျင်စီက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly