School 2017 ဒရာမာဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်ရန်စဉ်းစားနေသည့် ကင်မ်ယူးဂျန်း

School 2017 ဒရာမာဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်ရန်စဉ်းစားနေသည့် ကင်မ်ယူးဂျန်း

မင်းသမီးကင်မ်ယူးဂျန်းသည် မကြာခင်ထွက်ရှိရန် စီစဉ်ထားသော School 2017 ဒရာမာ ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

မေလ ၁၉ ရက်နေ့တွင် ကင်မ်ယူးဂျန်း၏ အေဂျင်စီ Sidus HQ က သူမသည် School 2017 ဒရာမာဇာတ်လမ်း တွဲတွင် ပါဝင်သရုပ်ဆောင်ရန် စဉ်စားနေကြောင်း   ကြေညာချက်ထုတ်ပြန်ခဲ့သည်။   အေဂျင်စီက ကိုယ်စားလှယ် တစ်ဦးက “ ကျနော်တို့ဟာ သူမပါဝင်သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍနဲ့ ပက်သက်လို့ အကောင်းမြင်လျက် ရှိနေပြီး လောလောဆယ်တော့ သေချာလေ့လာနေတုန်းပဲ ရှိပါတယ်” ဟု ပြောခဲ့သည်။

School ဇာတ်လမ်းတွဲများသည် ဆယ်ကျော်သက် ကျောင်းသူကျောင်းသားများ၏ ဖြစ်ပျက်ကြုံတွေ့နေရသော အဖြစ်အပျက်များကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး လူအများက အထူးတလည်အားပေးကြသည်။ School 1 ကို လွန်ခဲ့သော ၁၉၉၉ ခုနှစ်က ပထမဦးဆုံး ထုတ်လွှင့်ခဲ့ပြီး မကြာသေးခင်ကလည်း Who Are You: School 2015 ကို ထုတ်လွှင့်ခဲ့ဖူးသည်။

School ဇာတ်လမ်းတွဲများတွင် နာမည်ကျော် သရုပ်ဆောင်များဖြစ်ကြသော ဟာဂျီဝမ်၊ လီဂျောင်ဆုခ်၊ ကင်မ်ဝူးဘင်၊ ရွတ်ခ်ဆန်းဂျေးနှင့် အခြားအနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြသည်။

School 2017 ဒရာမာ ဇာတ်လမ်းတွဲတွင်လည်း ကျောင်းသူကျောင်းသားများ လက်ရှိကြုံတွေ့နေရသော ဘဝနေမှုထိုင်မှုပုံစံများ၊ ရင်ဆိုင်နေရသော အခက်အခဲများနှင့် မတူကွဲပြားသော သူတို့၏ ခံစားချက်များကို ပုံဖော်ရိုက်ကူးမည် ဖြစ်ကြောင်းသိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly