အန်ဖီးလ်မှထွက်ခွာဖြစ်ခဲ့လျှင် လီဗာပူးလ်နည်းပြအဖြစ် ဂျရတ်ကိုအစားဝင်စေရန် ကလော့ပ်ဆန္ဒရှိ

အန်ဖီးလ်မှထွက်ခွာဖြစ်ခဲ့လျှင် လီဗာပူးလ်နည်းပြအဖြစ် ဂျရတ်ကိုအစားဝင်စေရန် ကလော့ပ်ဆန္ဒရှိ

မေ ၁၉၊ လီဗာပူးလ်။              ။ အန်ဖီးလ်မှ ထွက်ခွာဖြစ်ခဲ့လျှင် ၎င်း၏ နေရာကို ဂျရတ်အားဆက်ခံစေချင်သည်ဟု လီဗာပူးလ်နည်းပြ ဂျာဂျန်ကလော့ပ်က ဝန်ခံ ပြောဆိုလိုက်သည်။

ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဂျရတ်သည်အသင်းသို့ပြန်လည်ရောက်ရှိလာပြီးနောက် လာမည့်နွေတွင် ယူ-၁၈ အသင်းကို ကိုင်တွယ်မည်ဖြစ်သည်။

ဒေါ့တ်မွန်နည်းပြဟောင်းကလော့ပ်သည် ပြီးခဲ့သည့်ဇူလိုင်ကမှ လီဗာပူးလ်အသင်းနှင့် ခြောက်နှစ်စာချုပ်သစ်ချုပ်ခဲ့ပြီး မကြာသေးမီအတွင်းအသင်းမှထွက်ခွာရန် အစီအစဉ်မရှိသေးပေ။

သို့သော်ဂျာမန်လူမျိုးသည် The Times နှင့်အင်တာဗျူးတွင် ၎င်း၏နေရာကို ဂျရတ်ဆက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ကလော့ပ်က “ကျွန်တော်ထွက်သွားတဲ့အခါ၊ ဒါမှမဟုတ် အထုတ်ခံရတဲ့အခါမှာ ကျွန်တော့်နေရာကိုဘယ်သူဆက်ခံသည်ဖြစ်စေ ဂရုမစိုက်ပေမယ့် သူ့ကိုတော့ ကျွန်တော့်နေရာမှာတွေ့ချင်တယ်လို့ ဂျရတ်ကိုပြောခဲ့ပါတယ်” ဆိုသည်။

ဂျရတ်သည် အမေရိကန်ကလပ် အယ်လ်အေ ဂလက်ဇီအသင်းတွင် ၁၈ လကြာကစားပြီးနောက် ကစားသမားဘဝကို အဆုံး သတ်ပြီး လီဗာပူးလ်အသင်းသို့ ပြန်လာခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ဂျရတ်သည် ဖေဖော်ဝါရီတွင် လီဗာပူးလ်အကယ်ဒမီသို့ရောက်လာခဲ့ပြီး ယူ-၁၈ နည်းပြဖြစ်သူ နီးလ်ခရစ်ချ်လေ ယူ-၂၃ အသင်းသို့ပြောင်းရွှေ့ကိုင်တွယ်မည်ဖြစ်ရာ ယူ-၁၈ အသင်းကို ဂျရတ်က တာဝန်ယူရမည်ဖြစ်သည်။

“ဂျရတ်နဲ့ပေါင်းလုပ်နိုင်တာက ကောင်းပါတယ်။ သူက ထူးခြားတဲ့လူတစ်ယောက်ပါ။ သူလိုအပ်တဲ့ အချက်အလက်အကူအညီ တွေကိုလည်း ကျွန်တော်တတ်စွမ်းသလောက်ပေးသွားမှာပါ။

ခင်ဗျားအနေနဲ့အသင်းတစ်သင်းကိုရောက်တဲ့အခါ အနာဂါတ်အတွက် ကြီးမားတဲ့တာဝန်ရှိလာပါလိမ့်မယ်။ ပြီးတော့ ဒီအသင်းရဲ့ အနာဂါတ်မှာ စတီဗင်ဂျရတ်လို ဂန္ထဝင်တစ်ယောက်ကို ထိုက်တန်တဲ့နေရာတစ်နေရာမှာ လိုအပ်ပါတယ်”ဟု ကလော့ပ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly