ဟောင်ကောင်အက်ရှင်ဇာတ်ကား Project Gutenberg ၌ ချောင်ယွမ်ဖတ်နှင့် အာရွန်ကွက်ခ်တို့ အတူသရုပ် ဆောင်မည်

ဟောင်ကောင်အက်ရှင်ဇာတ်ကား Project Gutenberg ၌ ချောင်ယွမ်ဖတ်နှင့် အာရွန်ကွက်ခ်တို့ အတူသရုပ် ဆောင်မည်

မင်းသားကြီး ချောင်ယွမ်ဖတ်နှင့် အာရွန်ကွက်ခ်တို့သည် ငွေအမြောက်အမြား သုံးစွဲထားသည့် Project Gutenberg အမည်ရှိ တရုတ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားအတွက် ရိုက်ကူးရေးများကို စတင် လုပ်ဆောင်နေကြသည်။

အဆိုပါရုပ်ရှင်ကို Infernal Affair ဇာတ်ကားများ၏ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်၊ Overheard ဇာတ်ကားများ ၏ ဒါရိုက်တာလည်းဖြစ်သူ ဖယ်လစ်စ်ချောင်က ရိုက်ကူးမည်ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်လမ်းကို ဖယ်လစ်စ်ချောင်ကပဲ ရေးသားထားခြင်းဖြစ်ပြီး ဟောင်ကောင်ရဲများက ငွေစက္ကူအတု ပြုလုပ်သည့် ဂိုဏ်းသားများအား ရှာဖွေဖမ်းဆီးသည်ကို ပုံဖော်ထားခြင်းဖြစ်သည်။ ထိုဇာတ်လမ်းထဲတွင် ကွက်ခ် သည် ထိုင်းနိုင်ငံမှ ဟောင်ကောင်သို့ လွှဲပြောင်းခံရသည့် တရားခံဂိုဏ်းသားတစ်ဦးဖြစ်ပြီး ချောင်ယွမ်ဖတ်က အဆိုပါဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကွယ်ခြယ်လှယ်သူ အဖြစ် ပါဝင်မည်ဖြစ်သည်။

အခြားသရုပ်ဆောင်များအနေဖြင့် Dick Liu Kai Chi၊ Zhang Jingchu နှင့် စုံထောက်ခေါင်းဆောင်အဖြစ် Catherine Chau တို့က ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

ထိုရုပ်ရှင်ကို ဟောင်ကောင်မှ Pop Movies နှင့် တရုတ်မှ Bona Flim Group တို့က ပူးပေါင်း၍ ထုတ်လုပ်မည် ဖြစ်သည်။ ရိုက်ကွင်းများကို ဟောင်ကောင်၊ တရုတ်၊ ကနေဒါနှင့် ထိုင်းနိုင်ငံတို့တွင် သွားရောက်ရိုက်ကူးထားပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly