ဦးဝီရသူ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသမည်

ဦးဝီရသူ အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသမည်
Photo: Nyein Chan Naing/EPA

မဘသဆရာတော် ဦးဝီရသူအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို ပြင်သစ်တို့ရဲ့ ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကိုတော့ ယမန်နေ့ မေလ ၁၇ ရက်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Barbet Schroeder ရိုက်ကူးထားတဲ့ "The Venerable W" ဇာတ်ကားကိုတော့ ရုပ်ရှင်ပွဲတော်မှာ အထူးပြသမှုအဖြစ် မြင်တွေ့ရဖို့ရှိနေပြီး ယင်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်မှာ တရားဝင် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

ပြင်သစ်၊ ဆွစ်ဇာလန် ပူးပေါင်းထုတ်လုပ်မှု ဖြစ်တဲ့ ယင်းရုပ်ရှင်ဇာတ်ကားဟာတော့ ဒါရိုက်တာ Barbet Schroeder ယခင် ရိုက်ကူးထားခဲ့တဲ့ General Idi Amin Dada (1974) နဲ့ Terror's Advocate (2007)  တို့ ပြီးရင် တတိယမြောက် ဇာတ်လမ်းလည်း ဖြစ်လာဖို့ရှိနေတယ်လို့ Internet Movie Database အရ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ မဘသ ဆရာတော် ဦးဝီရသူအနေဖြင့် ၎င်း၏ ဒါယကာ ဒါယကာမတို့၏ ကြည်ညိုခြင်းခံရသော ဗုဒ္ဓရဟန်းတော်တစ်ပါး ဖြစ်သော်ငြားလည်း တစ်ဘက်မှာလည်း ၎င်း၏ မွတ်ဆလင်ဆန့်ကျင်ရေး တရားတွေကြောင့်လည်း အန္တရာယ်ပေးနိုင်သူတစ်ဦးလည်း ဖြစ်နေလျက်ရှိပါတယ်။

ဒါရိုက်တာ Barbet Schroeder အနေနဲ့ကတော့ သူရိုက်ခဲ့တဲ့ ကားတွေဖြစ်တဲ့ General Idi Amin Dada: self-profile" နဲ့ "Terror's advocate" တို့နဲ့ စထားခဲ့တဲ့ ဇာတ်လမ်းဝတ္ထုနောက်ဆုံးအပိုင်းကို ယခု ဇာတ်ကားနဲ့ အဆုံးသတ်လိုက်ပါတယ်။

ယခု ဦးဝီရသူ အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်ကားကိုတော့ လာမယ့် ဇွန်လ ၇ ရက်မှာ တရားဝင် ပြသသွားတော့မှာ ဖြစ်ပြီး ယင်းမတိုင်မီ ယခု ကိန်းရုပ်ရှင်ပွဲတော်မှာ အထူးအစီအစဉ်အနေနဲ့ တင်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly