NLDနာယက ဦးတင်ဦး သတိလစ်နေရာမှ ပြန်သတိရလာ

NLDနာယက ဦးတင်ဦး သတိလစ်နေရာမှ ပြန်သတိရလာ
ဓာတ်ပုံ-ဘိုဘို

မေ ၁၈ ။            ။ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဌာနတွင် တက်ရောက်နေရသည့် NLD နာယက သူရဦးတင်ဦးသတိလစ်နေရာမှ ပြန်လည် သတိရလာပြီး အခြေအနေကို လက်ရှိမှာ စမ်းသပ်စစ်ဆေးနေဆဲဖြစ်သည်။

"Stoke ဆိုတာ လေဖြတ်တယ်လို့ ဗမာလိုတော့ပြောတာပေါ့နော်။ တကယ်တမ်းကြတော့ ဦးနှောက်ကိုပေးတဲ့သွေးကြောတွေ ပိတ်ဆို့ပြီးတော့ ပေါက်ထွက်သွားတာ။ အခုကတော့ ထရော်မာ ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ် ။ အခုကတော့ စမ်းတုန်းပဲပေါ့"ဟု ရန်ကုန်တိုင်းကုသရေးဦးစီးဌာန ဒါရိုက်တာ ဒေါက်တာနုနုကြည်က ဆိုသည်။

အခုလက်ရှိမှာ သမားတော်များ၊ အာရုံကြောခွဲစိတ်ဆရာဝန်များ ရောက်ရှိနေကြပြီးစစ်ဆေးစမ်းသပ်နေကြောင်း သူက ဆက်ပြောသည်။

"အခုက ဒီမှာ Physician တွေရော ၊ အာရုံကြော ခွဲစိတ်ဆရာဝန်တွေရော ရှိတယ်။  သူတို့စမ်းပြီးတော့မှပဲ ပြောပေးလို့ ရလိမ့်မယ် ။ ချက်ချင်းတော့ ပြောလို့မရဘူး"ဟု ရန်ကုန်တိုင်းကုသရေးဦးစီးဌာန ဒါရိုက်တာ ဒေါက်တာနုနုကြည် ကပြောသည်။

NLDနာယက သူရဦးတင်ဦးသည် သူ၏နေအိမ်၌ ယမန်နေ့ညတွင် ရေချိုးခန်း၌ ချော်လဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနကို ပို့ဆောင်ခဲ့ရသည်။ ထို့နောက် MRIရိုက်ကာ အထူးကြပ်မတ်ကုသဌာနသို့ ပြောင်းရွှေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly